Skip to main content

Posts

အကြည်တော်

အကြည်တော်   အကြည်တော် သည် မြန်မာလူမျိုး ဟာသစာရေးဆရာ ဖြစ်သည်။ နာမည်ရင်းမှာ စောကြည်ဖြူဖြစ်သည်။ အဖ ဦးထွန်းနိုင် ဒေါ်ယုနွယ်တို့မှ မွေးချင်း (၇) ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့် လုံချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်။ #ရေးသားသောစာအုပ်များ 1=ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် တော်ဝင်မြို့မ စာအုပ်တိုက်  2=ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း ၂၀၀၅ တော်ဝင်မြို့မ စာအုပ်တိုက်  3=ကျွန်တော့်ဘဝလေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်  4=ကျွန်တော်ထောင်းခဲ့သော ပေါင်များ ၂၀၀၆ တော်ဝင်မြို့မ စာအုပ်တိုက်  5=ကျွန်တော်နှင့် မြို့ပြယဉ်ကျေးမှု  6=ကျွန်မက အင်္ဂလိပ်မမဟုတ်တာ မောင်  7=ကလေးလက်ရေး ၂၀၀၉ စိုးမိုးစာပေ  8=ကလေးအို  9=ကဝေပျို၏ နိဒါန်း ၂၀၀၃ တော်ဝင်မြို့မ စာအုပ်တိုက်  10=ကိုယ်ပိုင်ရောဂါ  11=ခင်မှုန် မင်္ဂလာဆောင်  12=ချစ်ခြင်းကထာ  13=ချစ်လို့စတာ နာတယ် ၂၀၀၉ စိုးမိုးစာပေ  14=ချည်ပြီး တုပ်ပြီး  15=ခြူဆီ #ခြူဆီအမည်ဖြင့်ရုပ်ရှင်ရိုက် 16=...

သိုးဆောင်း

  လူငယ် စာရေးဆရာ သိုးဆောင်းရဲ့ လက်ရာတွေကို သူ့စာဖတ်ပရိသတ် တွေက ပဟေဠိ၊ အတွေး အခေါ်၊ ဉာဏ်စမ်း၊ အချစ် စတဲ့ အကြောင်း အရာတွေကို ရောသမမွှေပြီး စိတ်ဝင်စားစရာဖြစ် အောင် ဖန်တီးရေး သားတတ်တယ်လို့ ထောမနာပြုကြပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ သိုးဆောင်းက စာပေလောကထဲကို ၂၀၁၀ ပြည့်နှစ်ကမှဝင်ရောက်လာခဲ့ သူဖြစ်ပြီးအချိန်တိုလေးအတွင်းမှာ ပရိသတ်လက်ခံမှုကို ရရှိနေသူတစ်ဦးဖြစ်ပါတယ်။မဆုတ် မနစ်အားထုတ်မှုတွေကြောင့် စာရေးဆရာ သိုးဆောင်းဘဝမွေးဖွား လာဖို့ ရွှေသမီးစာပေတိုက်နဲ့ လက်တွဲ ဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပထမဆုံးလုံးချင်းဝတ္ထု ဖြစ်တဲ့ 'အချစ်တောင်းခံလွှာ'ကို စတင်ဖြန့်ချိခဲ့ပြီးတဲ့နောက် 'သစ္စာမဖောက် ကြေးစာချုပ်'၊ 'သုံးခါနမ်းမှပွင့်မယ့်ပန်း'၊ 'အပေတေတစ်ယောက်ရဲ့ ကျောင်းဆင်း ချိန်'၊'တစ်ရက်'၊'ဘယ်သူလဲ'၊'ဆိုက်ကို ဆော့ဖ်ဝဲ (Psycho Software)'၊ 'သိုးဆောင်း'၊ 'သက်တံ့သစ်' နဲ့ ၂၀၁၁ မတ်လ ထဲမှာ ထွက်ရှိခဲ့တဲ့ ဆယ်အုပ်မြောက် လုံးချင်းဝတ္ထု 'နေကမ္ဘာ ရဲ့မီးအိမ်ရှင်' တို့နဲ့ သက်သေထူနိုင်ခဲ့ပြီ။ စာရေးသူတော်တော်များများဟာ စာစရေးတဲ့အချိန...

နိုင်းနိုင်းစနေ

  ကိုယ်ရေးအကျဉ်း ရှမ်းပြည်နယ်ရှိ တောရွာဇနပုဒ်တစ်ခုတွင် မွေးဖွားခဲ့ပြီး တောင်ကြီးတက္ကသိုလ်မှ ကျောင်းပြီးသည်။ ဝါသနာအရ blog တွင် စာများ ရေးသားနေရာမှ စာဖတ်သူအချို့ နေရာပေးခြင်းကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ပထမဆုံးစာအုပ် အမေ့လက်ရေး”ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ စိတ်ခွန် တ်ခွန်အားဖြစ်စေသော သုတ၊ ရသ ဘာသာပြန်စာပေများကို အရေးများသည်။ လက်ရှိတွင် ပုံနှိပ်စာအုပ်အပြင် Facebook တွင်လည်း စာများ ရေးသားမျှဝေလျက်ရှိသည်။

ကျွန်တော်နှင့် ကောက်ညှင်းပေါင်း

                    ထိုနေ့ နေ့ခင်းသည် တော်တော်ပျင်းဖို့ကောင်းသော မိုးရာသီ နေ့လည်ခင်း ဖြစ်ပါသည်။ ဆယ့်တစ်နာရီလောက်က မိုးက ကြမ်းကြမ်း ရွာသဖြင့် ကျွန်တော် တစ်မှေးလောက် ကွေးလိုက်သည်။ အခု အိပ်ယာက နိုးတော့ လူက လေးလံထိုင်းမှိုင်းနေသည်။ စိက်ကလည်း သွက်သွက်လက်လက် မရှိလှ။ မိုးတိတ်သွားသဖြင့် ပတ်ဝန်းကျင် စိမ်းစိုကာ ကြည့်၍ကောင်းနေသော်လည်း ကျွန်တော့်ခံစားချက်တွင် တစ်ခုခု လိုကာနေသည်။  ဒါနှင့် ဝရန်တာမှာထွက်ကာ ဆေးလိပ်ကလေး ဖွာရင်း လမ်းကို ငေးနေမိသည်။ ထိုစဉ်မှာပင် "ကောင်လှိုင်းချည်မုန့်၊ ထန်းသီးမုန့်၊ မုန့်ဦးနှောက်" ဆိုသော နာမည်များကို ဆွဲဆွဲငင်ငင် အော်ကာ ဖြတ်သွားသော ကောင်မလေးတစ်ယောက်ကို မြင်သည်။ မုန့်ကလေးဝယ်ပြီး ရေနွေးကြမ်းကလေးနှင့် တီးရမလားဟု ကျွန်တော် စဉ်းစားသည်။ သို့သော် ဆုံးဖြတ်ချက်က မကျ။ လူက တွေတွေဝေဝေဖြစ်ကာနေ၏။ ဈေးသည်ကတော့ ကျွန်တော် ချီတုံချတုံဖြစ်နေတာကို သိဟန်မတူ။ သူ့ပုံမှန်ခြေလှမ်းနှင့် ပုံမှန်အသံကို အော်ကာ လျှောက်သွား၏။ ခဏကြာတော့ လေဒီချပ်ပြားက သူ့ဗိုက်ကလေးကို လက်နှစ်ဖက်ဖြင့် အသာပင့်ကာ အိမ်ရှေ့သို့ ရောက်လာ၏။ ကျွန်တော့်လေဒီချပ်ပြားက ကိုယ်ဝန်လေး...

ထားဝယ်နှင်းဆီ-ခက်ဇော်

စာအုပ်အမည်_ထားဝယ်နှင်းဆီ ရေးသားသူ_ခက်ဇော် စာအုပ်အမျိုးစား_epub Download Here  

ကျွန်ုပ်အလိမ္မာတိုးသောနေ့တစ်နေ့(ဦးဖိုးကျား)

ကျွန်ုပ်သည် ပုသိမ်မြို့ မြန်မာ ကရင်  အင်္ဂလိပ်ကျောင်းတွင် ၉ တန်းလား ၁၀ တန်းလား  မမှတ်မိ၊ စာသင်နေစဉ် စာမေးပွဲပြီး၍ မိမိနေရပ်  ဟင်္သာတနယ် နိဗ္ဗာန်ရွာသို့ မီးရထားစီး၍ ပြန်ခဲ့သည်။ ရထားပေါ်တွင် ရထားစီး များစွာပါ၏၊  ကျွန်ုပ်သည် ထိုအခါက များစွာ စကားပြောချင်၏၊  နှုတ်ဆော့၏၊ ဘယ်သူနှင့် စကားစမြည် ပြောရ ပါမည်နည်းဟု အပေါက်အစ ရှာလျက်ရှိ၏။ ကွန်ုပ်၏ ရှေ့တန်း မျက်နှာချင်းဆိုင်လောက်တွင် အသက် ၃၀ ကျော်ခန့်ရှိ ယောက်ျားတစ်ယောက်ကို စိုက်ကြည့်မိသည်။ အသားကြမ်း၍ မည်းညို၏၊  ခေါင်းတုံးကို မျက်နှာသုတ်ပဝါ ညစ်ထပ်ထပ်  ပတ်ထားသည်၊ အင်္ကျီမှာ လယ်ထွန်အင်္ကျီဖြစ်၏၊  လယ်ထွန်အင်္ကျီဆိုသည်ကား ဖျင်ကြမ်းကြမ်း၊  ရင်စေ့ပုံ၊ လက်ကျပ် အိတ်နှစ်လုံးတပ်၊ ရှေ့က  ကနုကမာကြယ်သီးမျိုး သုံးလုံးမျှပါ၏၊ သို့ရာတွင်  ကြယ်သီးတပ်မထားချေ၊ ရင်ဘတ်အဟောင်းသား နှင့်ဖြစ်၏၊ ပုဆိုးမှာကား ချည်လုံချည် အကြမ်းစား အနွမ်းပင် ဖြစ်၏။ ထူးခြားသောအချက်ကား ထိုသူ၏ လက်ဝဲဘက် လက်ကောက်ဝတ်တွင် အတန်အလုံးကြီးသော မဲကြိုး  ချည်ပတ်ထားသည်ကို တွေ့ရသည်ကို တွေ့ရ၏၊  ငါတော့ စီးစီးနင်းနင်း စကားပြောရမယ့်လူကို  တွေ့ပြီ...

ငွေမျက်နှာ(ဦးဖိုးကျား)

“ဟေ့ကောင်မ-ညည်းကို ဟိုပိုက်ဆံဝါလားကြီးက ရစ်နေပါလားအေ့ညည်းတော့ ကော်တာပဲ” “အောင်မယ်-ဒီတဏှာရူး - ယစ်ထုပ်ကြီး - သေခါနီးကြီးကို ငါက ဘာလုပ်ရမှာလဲရုပ်ကြီးကလည်း ဖြစ်နေလိုက်တာ၊ ငှက်ပျောသီး ပျော့ပျော့ကို ခွေးနင်းထားသလိုပဲ။ ငါက ပိုက်ဆံကို ဂရုစိုက်တာ မဟုတ် ဘူးအေ့-သိရဲ့လား” “ညည်းက မကြွားပါနဲ့၊ ပိုက်ဆံဟာ ပိုက်ဆံအေ့၊ မှတ်ထား၊ ပိုက်ဆံရဲ့အားကို ညည်းတွေ့တော့မှ သိမယ်။ ညည်း ဘယ်နည်းနဲ့မှ ပိုက်ဆံအားကို မခံနိုင်ဘူး။ ကြည့်ပါလား။ ဟိုဈေးနားက မယ်ရှင်ဟာ ဘာဖြစ် သွားသလဲ။ ကလေး ၅ယောက်အဖေ မုဆိုးဖိုရွတ်တွကြီးက ပိုက်ဆံနဲ့ ပေါက်ယူသွားတယ်မဟုတ်လား” “ညည်းက ငါ့ကိုဒီလောက် အထင်မသေးပါနဲ့အေမယ်ရှင်ဟာ မယ်ရှင်၊ ဒီက မယ်မြစ်က မယ်မြစ်သိရဲ့လားမျက်နှာကို သေသေချာချာ ကြည့်ထား” (မိမိမျက်နှာကို လက်ညှိုးနှင့် ထိုး၍ ခပ်ကြွားကြွားပြောလေ သည်။) “အေးတော် မျက်စိဒေါက်ထောက်ကြည့်ရသေးတာပေါ့” အထက်ပါစကားတို့ကား၊ မိန်းမရွယ်ရွယ် ၂ ယောက် ပြောနေကြသော စကားများဖြစ်သည်။ ၎င်းစကားတို့မှာ လင်ရေး သားရေးယောက်ျားမိန်းမ ချစ်ကြိုက်ရေးများ ဖြစ်ပုံရသည်။ သို့ရာတွင် ထိုစကားတို့ကို ကျွန်ုပ်ကြားရသောအခါ သူတို့ လင်ရေး သားရေး၊ ချစ်ကြိုက်ရေးတို့ကို အပထား၍ ကျွန်ုပ်၌ တွေးတောစရာ တ...