Skip to main content

Posts

လွယ်အိတ် ၁+၂+၃ (ဝင်းဖေ)

လွယ်အိတ် ၁+၂+၃  ဝင်းဖေ                  1997 ခုနှစ် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ လွတ်လပ်တဲ့ အာရှ‌ရေဒီယို မြန်မာပိုင်းအစီအစဉ် ဆိုတာ စတင်တည်ထောင်ခဲ့ပါတယ်။ တည်ထောင်တဲ့ထဲမှာ ဆရာဝင်းဖေ လည်းပါခဲ့ပါတယ်။         “ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝ တလျှောက်လုံးကို ဝင်းဖေအကြောင်းဆိုတာမျိုးကြီးတော့ မရေးချင်ဘူး။ ခေါင်းစီးကို ခပ်သော့သော့လေးလုပ်ချင်တယ်။ ဒီလို ကျွန်တော့်အကြောင်းတွေကို တင်ပြတဲ့အခါမှာ ကျွန်တော်က ဘာလုပ်ချင်တုန်း ဆိုတော့ အဲ့ဒီခေတ်၊ အဲ့ဒီအချိန်၊ အဲ့ဒီကာလ ဒေသ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့လူမှုရေး ကိစ္စတွေကို ပါသွားအောင် ကျွန်တော် က အဲ့ဒီဆောင်းပါးတွေထဲမှာ ထည့်လိုက်ချင်တယ်။”လို့ အမှာစာထဲမှာ ထည့်ပြောထားတာကို တွေ့ရမှာပါ။         ဒီစာအုပ်ထဲမှာ ဆိုရင် မြို့မညိန်းရဲ့ အကြောင်းက စလို့ ရုပ်ရှင်နဲ့ပက်သက်တာတွေ၊ ဓါတ်ရှင်အကြောင်းတွေ၊ ဝါဝါဝင်း‌ရွှေက စလို့ ပန်းချီဆရာကြီးတွေအကြောင်းတွေ….စုံလင်စွာ ရေးသားထားပါတယ်။   ...

စူး(သင့်လူ)

(Murakami Ryu) ရဲ့ "Piercing" ဝတ္ထုကို သင့်လူမြန်မာဘာသာပြန်ထားတဲ့ စူး ebook အခြား မူရကာမိ စိတ္တဗေဒနဲ့ဆိုင်တဲ့ ရာဇဝတ်မှုခင်းတွေဟာ အဲဒီလူ့အဖွဲ့အစည်းရဲ့ အခြေအနေကို ထင်ဟပ်နိုင်သလား။ ဒေါ်တိုယက်ဗ်စကီရဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ် ဝတ္ထုကြီးဟာ ရုရှမှာ အဲဒီခေတ်က လူတွေရဲ့ စိတ်အခြေအနေကို မြင်အောင် ရေးထားတာလို့ ဆိုကြပါတယ်။ ယခု ရူး မူရကာမိရဲ့ 'စူး'ဝတ္ထုဟာလည်း စိတ္တဗေဒဆိုင်ရာ အရှုပ်အထွေးတွေကြားက ဖြစ်လုဆဲဆဲ ရာဇဝတ်မှုခင်းတစ်ခုကို အခြေခံပြီး သဲထိတ်ရင်ဖိုဖြစ်အောင် ရေးထားတာပါ။ ဂျပန်လူ့အဖွဲ့အစည်းရဲ့ သရုပ်သကန်လားတော့ မဆိုနိုင်ပေဘူး။ အမှာစာရေးတဲ့ ဆရာနေမျိုးကတော့ စာပေလက်ရာတစ်ခုတည်းနဲ့ ခြုံငုံသုံးသပ်တာဟာ ပြီးပြည့်စုံမှုရှိနိုင်မယ်မဟုတ်ဘူးလို့ ဆိုပါတယ်။  “ပြစ်မှုနဲ့ပြစ်ဒဏ်”မှာတော့ ရပ်စ်ကိုနီကော့ဆိုတဲ့ လူငယ်တယောက်ဟာ (မရည်ရွယ်ဘဲ) လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့ပြီး အဲဒီရာဇဝတ်ဘေးကနေ လွတ်အောင် ဘယ်လိုရှောင်တိမ်းမလဲဆိုတာ သူ့စိတ်ဝေဒနာကြားကနေ အစီအစဉ်တကျလွတ်မြောက်ရေးအကြံအစည်ကို စီမံနေတဲ့ ပုံစံပါ။ “စူး”ဝတ္ထုမှာတော့ လူသတ်မှုဟာ မကျူးလွန်ရသေးဘူး။ ဘယ်လိုကျူးလွန်မလဲဆိုတာ ကာဝါရှီမာဆိုတဲ့ လူတယောက်က သူ့ဝေဒနာက...

ကာလီမ၏ မာန နှင့် လက်ရွေးစင် ဝတ္ထုတိုများ

  Whisper Of Words

မှတစ်ပါးအခြားမရှိပြီ

  https://t.me/TheBookR/1544

ကြက်တူရွေးပါးစပ်

  (၁) ကျွန်တော့်အိမ်တွင် ကြက်တူရွေး ခုနစ်ထောင့် တစ်ရာ ခြောက်ဆယ့် ကိုးကောင်တိတိ မွေးမြူထားပါသည်။ ↂ (၂/က) အရွက်တွေ ကင်းမဲ့ကာ ရိုးတံချည်း ခြောက်သွေ့ ကျန်ရစ်နေသော သစ်ဆိမ့်ပင်ကြီးကို ကျွန်တော်ချစ်သည်။ အောက်ဘက် သစ်ကိုင်းပေါ် ခုန်ဆင်းရန် ဟန်ပြင်ရင်း ဟိုဟို သည်သည် ပြူးတူး ပြာတာကြည့်နေသော ရှဉ့်ညိုညို သေးသေးလေးကို ကျွန်တော် ချစ်သည်။ တပေါင်းလတွင် တိုက်ခတ် လာသော လေနွေးနွေးကို ကျွန်တော်ချစ်သည်။ အဝါရောင် ပွင့်ချပ်တွေဖြင့် တစ်ပင်လုံးကိုဖုံးထားပြီး တွဲရွဲကျနေသော ငုပန်းများကို ကျွန်တော် ချစ်သည်။ ထိုသဘာဝ တရားများကို ချစ်တတ်ရန်နှင့် ထိန်းသိမ်းတတ်ရန် ကျွန်တော်တို့ကို တစ်စုံတစ်ရာက သင်ကြားပေးခဲ့သည်ဟု ကျွန်တော် ထင်၏။ (ခြွင်းချက်အားဖြင့်တော့ တချို့ လူများသည် ထိုသင်တန်းတွင် ကျောင်းပြေးခဲ့ဟန်တူသည်။ “သို့မဟုတ်” အိပ်ငိုက်နေခဲ့ကြဟန်တူသည်။ သူတို့ကမူ သဘာဝတရားကြီးကို ကိုယ်ကျိုးအတွက် သုံးရန်ကလွဲ၍ ကျန်သည်မျက်စိဖြင့် မမြင်တတ်ကြပါ) တစ်ဖက်ကကြည့်လျှင် သဘာဝတရားကြီးကို ကျွန်တော်တို့ ချစ်မြတ်နိုးနေခြင်းနှင့် ထိန်းသိမ်းနေကြခြင်းသည် ကျွန်တော်တို့၏ ကိုယ်ကျိုးစီးပွားပေါ်တွင် အခြေခံသည်ဟု ထင်သည်။ ဆိုလိုသည်မှာ အိုဇုန်းလွှာပေါက်ခ...

ဆွန်ဇု၏စစ်ပညာကျမ်း

  တရုတ်ပြည်၏ဂန္တဝင်မြောက် ဆွန်ဇု၏စစ်ပညာကျမ်း - စံလှိုင် The Art of War - Sun Tzu The Art of War ဆိုတာကတော့သမိုင်းတစ်လျောက်မှာ အထင်ရှားဆုံးနဲ့အကောင်းဆုံးအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့စစ်ပညာကျမ်းတစ်စောင်ပဲဖြစ်ပါတယ်။ The Art of War ကိုရေးသားခဲ့သူကဆွန်ဇုလို့အမည်ရတဲ့တရုတ်စစ်သူကြီးတစ်ဦးဖြစ်ပြီးသူဟာဘီစီခြောက်ရာစုလောက်ကဝူပြည်မှာအမှုထမ်းခဲ့တယ်လို့ဆိုပါတယ်။ဒီအတိုင်းသာအမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ဆွန်ဇုဟာကွန်ဖြူးရှပ်၊လောင်ဇုတို့နဲ့ခေတ်ပြိုင်ဖြစ်ပါလိမ့်မယ်။ သမိုင်းအချက်အလက်တွေအရတော့ဆွန်ဇုဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးအမှန်တကယ်သက်ရှိထင်ရှားရှိခဲ့တာဟုတ်မဟုတ်၊စစ်ဗျူဟာကျမ်းကိုရေးသားသူဟာဆွန်ဇုဟုတ်မဟုတ်စတဲ့အချက်တွေကိုအငြင်းပွားနေရဆဲပါ။  ဆွန်ဇုဟာသမိုင်းမှာအမှန်တကယ်ရှိခဲ့သည်ဖြစ်‌စေမရှိခဲ့သည်ဖြစ်‌စေ ယနေ့ခေတ်မှာဆွန်ဇုနဲ့သူ့ရဲ့စစ်ပညာကျမ်းဆိုရင်မသိသူမရှိလောက်အောင်ထင်ရှားပြီးနိုင်ငံအသီးသီး၊နယ်ပယ်အသီးသီးမှာလွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့အချက်ကတော့သေချာပါတယ်။ ဒီစာအုပ်ထဲမှာပါဝင်တဲ့ဒဿနတွေဟာရုပ်ပိုင်းဆိုင်ရာအကြမ်းနည်းနဲ့တိုက်ခိုက်တာတွေထက်စိတ်ဓာတ်ရေးရာ၊စီမံခန့်ခွဲမှုနဲ့နဲ့ပရိယာယ်လှည့်စားမှုတွေကိုအဓိကဖော်ပြထားတာဖြစ်ပြီးဖတ်ရှုသူရ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...