လွယ်အိတ် ၁+၂+၃ ဝင်းဖေ 1997 ခုနှစ် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ လွတ်လပ်တဲ့ အာရှရေဒီယို မြန်မာပိုင်းအစီအစဉ် ဆိုတာ စတင်တည်ထောင်ခဲ့ပါတယ်။ တည်ထောင်တဲ့ထဲမှာ ဆရာဝင်းဖေ လည်းပါခဲ့ပါတယ်။ “ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝ တလျှောက်လုံးကို ဝင်းဖေအကြောင်းဆိုတာမျိုးကြီးတော့ မရေးချင်ဘူး။ ခေါင်းစီးကို ခပ်သော့သော့လေးလုပ်ချင်တယ်။ ဒီလို ကျွန်တော့်အကြောင်းတွေကို တင်ပြတဲ့အခါမှာ ကျွန်တော်က ဘာလုပ်ချင်တုန်း ဆိုတော့ အဲ့ဒီခေတ်၊ အဲ့ဒီအချိန်၊ အဲ့ဒီကာလ ဒေသ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့လူမှုရေး ကိစ္စတွေကို ပါသွားအောင် ကျွန်တော် က အဲ့ဒီဆောင်းပါးတွေထဲမှာ ထည့်လိုက်ချင်တယ်။”လို့ အမှာစာထဲမှာ ထည့်ပြောထားတာကို တွေ့ရမှာပါ။ ဒီစာအုပ်ထဲမှာ ဆိုရင် မြို့မညိန်းရဲ့ အကြောင်းက စလို့ ရုပ်ရှင်နဲ့ပက်သက်တာတွေ၊ ဓါတ်ရှင်အကြောင်းတွေ၊ ဝါဝါဝင်းရွှေက စလို့ ပန်းချီဆရာကြီးတွေအကြောင်းတွေ….စုံလင်စွာ ရေးသားထားပါတယ်။ ...