Skip to main content

Posts

ဆဋ္ဌဂံ - မစန္ဒာ အပိုင်း-၁၄(ဇာတ်သိမ်း)

            ဆရာမလေးက ဝမ်းချူတံကို ဖြုတ်လိုက်သည်နှင့် စိန်ရွှေမြ၏ဝမ်းဗိုက် သည် ချက်ချင်းနာလာသည်။ ဗိုက်ထဲမှ ဆပ်ပြာရည် နွေးနွေးများက ဂလုံဂလွမ်နှင့် ဆူညံပွက်နေပြီမို့ နေရာမှထကာ အိမ်သာဆီသို့ ဒရော သောပါး ပြေးရသည်။ နံနက်စောစော အလင်းရောင်ပင် မလာသေး တော့ အိမ်သာခန်းထဲမှာ လူရှင်းနေသည်။ လူရှင်းနေတော့လည်း ဂျက် ပျက်နေသော အိမ်သာတံခါးကို လက်တစ်ဖက်နှင့်လှမ်းဆွဲထားရန် မလို တော့ဘဲ စိတ်ချလက်ချထိုင်ကာ ဝမ်းအဟောင်းတွေရော အသစ်တွေကို ပါ အသံပါထည့်ပြီး စွန့်ထုတ်ပစ်လိုက်သည်။ ဝမ်းသွားပြီးတော့ ရေချိုး ခန်းထဲဝင်ကာ ရေချိုးသည်။ ရေချိုးနေရင်း ဗိုက်က နာလာပြန်သည်။ ဒီတော့လည်း လွှားထားသော ထဘီကို ပြန်ယူပြီး ရင်ရှားကာ အိမ်သာ ထဲ ဝင်ပြေးရပြန်သည်။ နံနက် စောစော အိမ်သာတက်လိုသူ တစ်ဦးဦး ကသာ သူ့တံခါးကို ဖြုန်းခနဲ ဆွဲဖွင့်လိုက်လျှင် ရေစက်လက်နှင့် ထဘီ ရင်ရှားကာ ငုတ်တုတ်ကြီး ထိုင်နေသော သူ့ကိုတွေ့လျှင် မီးနေသည် သရဲခြောက်သည် ထင်ကာ သွေးပျက်သွားလေမည်လားမသိ။ မီးနေသည်သရဲဟုဆိုခါမှ မခင်အေးဆီသို့ စိတ်က ချက်ချင်း ရောက်သွားသည်။ လူကလည်း လေးလေးလံလံ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်သွားလေသည်။ ဒီနေ့ မခင်အေး၏ အသုဘဖြစ်သည်...

ဆဋ္ဌဂံ - မစန္ဒာ အပိုင်း(၁၃)

ယောက်ျားလေးတော်ရေ ယောက်ျားလေး အမေချစ်ရေ အမေ ချစ်လိုချင်တဲ့ မြေးယောက်ျားလေး” ဒေါ်ပုတုက ဝမ်းသာအားရ အော်သည်။ မြေးယောက်ျားလေး ကို ရူးမတတ်လိုချင်နေသော အမေချစ်၏အကြောင်းကို သိထားတော့ သူပါရောပြီး ဝမ်းတွေသာနေသည်။ “ဟော ယောက်ျားဘသား သားကလေးတဲ့ဟ” | အပြင်ဘက်မှ နားစွင့်နေသော ကိုလှမောင်က အာလုတ်သံ ကြီးနှင့် အော်ရင်း ထခုန်သည်၊ နာရီကိုလှမ်းကြည့်လိုက်တော့ ဆယ့် တစ်နာရီတိတိ။ ။ အမေချစ်ကတော့ အပြင်မှာမနေနိုင်တော့၊ မီးနေခန်းထဲသို့ ဒရောသောပါး ဝင်လာသည်။ ဒေါ်မြ၏လက်ထဲမှ ကလေးနီတာရဲလေး ကို ဝိုင်းကြီးပတ်ပတ်လှည့်ခါ ကြည့်ရင်း ငါ့မြေးလေးက အသံလည်း ကျယ်ပါ့၊ ပါးစပ်ကလည်း ပြဲပေါ့၊ အောင်မလေးလေ ဘာဖြစ်လို့ ဒီ လောက်တောင် အာခေါင်ခြစ်အော်နေရတာလဲ မြေးလေးရဲ့ ́ဟု ပီတိတွေ တဝေဝေနှင့် ပြောနေသည်။ “မပုတုရေ အမေ့မြေးလေး ကြည့်ပါဦး” အနှီးဖြူဖြူလေးနှင့် ကျပ်ကျပ်တည်းတည်းထုပ်ပြီး ဒေါ်မြက မွေးဆံပင်မည်းမည်းလေးတွေကို ဘီးသေးသေးလေးနှင့် ဘိုကေပုံ ပြီး ပေးလိုက်သေးသည်။ ။ အမေချစ်က မခင်အေးကို သမီး ဒီမှာကြည့်၊ သားလေးလေ” ဟု ပြောရင်း ခုတင်နားလာပြသည်။ မခင်အေးက အားကုန်သွားသူလို ပျော့နေသည်။ ကလေး၏ပါးလေးကို လက်ကလေးနှင့် အသာတို့ရင်း ဖျော့ဖျော့လေးသာ ပြုံးနိုင်သည်။ ...

ဆဋ္ဌဂံ- မစန္ဒာ အပိုင်း(၁၂)

“ဘယ် ဘယ်က သိတာလဲ” “အစ်မကြိုင်ပဲ အကုန်ပြောပြတာ” “ဟင် အစ်မက” “ဟုတ်တယ် သူက အကုန်လုံး ပြောပြခဲ့တယ်၊ နွဲ့ လေးကို ကြည်ဖြူမှ၊ ခွင့်လွှတ်နိုင်မှ၊ တစ်သက်လုံးလည်း မြတ်နိုးနိုင်မှ လက်ထပ် ပါတဲ့၊ ဒါပေမယ့် ကိုကိုသိနေတာကိုလည်း နွဲ့ လေး မသိပါစေနဲ့တဲ့” သူ့ဘဝတွင် ထာဝစဉ် ရှေ့ဘက်မှ မားမားရပ်တည်ပေးခဲ့ သော အစ်မကြိုင်ကို နွဲ့ သဇင်က ကျေးဇူးအတင်ကြီး တင်မိရပြန်သည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပေါ်ကောင်းပေါ်လာမည်ဖြစ်သော ကိုကို မောင်ကြောင့် နွဲ့ သဇင်၏ဘဝတွင် အဖုအထစ်မဖြစ်စေရန်၊ အစောကြီး ကတည်းက ကြိုတင်ပြီး အသိပေးကာကွယ်ထားခဲ့သော အစ်မကို စိတ် ထဲမှ ကျိတ်ပြီး ကန်တော့လိုက်ရင်း နွဲ့ သဇင် မျက်ရည်တွေရစ်ဝိုင်းလာသည်။ အမေတို့ အစ်မတို့ကတော့ မသိပါဘူး၊ ကိုကိုတစ်ယောက် တည်း သိတာပါ” နွဲ့ သဇင်က ကိုဘိုကြည်ကို မရဲတရဲလေးလှမ်းကြည့်သည်။ သူ့ဘက်မှ မရိုးသားခဲ့သည်ကတော့ အမှန်ပင်။ “ကိုကို စိတ်မဆိုးဘူးလား” “မဆိုးပါဘူးကွယ်၊ နွဲ့လေးကို သနားပြီးပိုတောင်ချစ်ရသေး တယ်” “ကိုကိုရယ်” ။ နွဲ့ သဇင်က မျက်ရည်တွေစီးကျလာကာ အားရပါးရ ရှိုက်ငို လိုက်သည်။ မွေးပွတဘက်ကြီးခြုံထားသော ကိုဘိုကြည်က နွဲ့ သဇင်၏ ဦးခေါင်းလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ဖက်ထားသည်။ ရေချိုးပြီးစ ...

ဆဋ္ဌဂံ - မစန္ဒာ အပိုင်း(၁၁)

အခန်းထဲတွင် ပန်းတွေနှင့်ဝေနေသည်။ ခုတင်ဘေးက စားပွဲလေးပေါ် တွင် ကာနေရှင်းပန်း နီနီရဲရဲများက စွင့်ဝေဆာနေသည်။ ဆိုဖာ ဆက်တီ အလည်က စားပွဲပေါ်ရှိ ဖန်ပန်းအိုးပြာပြာထဲတွင် အဝါရောင် နှင်းဆီပန်း များကို တွေ့ရသည်။ ကလေးပုခက်ဖြူဖြူလေးအနားက ခုံပုကလေးပေါ် တွင်တော့ နှင်းဆီဖြူများက လှပဝေဆာနေပြန်သည်။ ။ “အခုနောက်ပိုင်း ဗိုက်ခွဲရတဲ့သူတွေဆိုရင် ကံကောင်းတယ်။ ဆေးကောင်းဝါးကောင်းတွေ ပေါ်နေပြီဆိုတော့ သက်သာတာပေါ့၊ ခွဲပြီး စ ရက်က ငါ့ညီမကို အောက်ပိုင်းကနေ ထည့်ပေးထားတဲ့ ဗော်တရင် ဆေးတောင့်ဆိုရင် သိပ်ပြီးအနာသက်သာတာ” သူနာပြုဆရာမကြီးက ပြောပြနေသည်။ အပြာနုရောင်ခန်းဆီး ရှည်ကြီးများကို ဆွဲဖွင့်လိုက်သောအခါ နံနက်ခင်း၏ နေရောင်ခြည်နုနု ထွေးထွေးလေးက အခန်းတွင်းသို့ တိုးဝင်လာသည်။ အဖြူရောင်သန့် သန့် အိပ်ရာပေါ်ဝယ် အဖြူရောင်ဇာနားတပ် အင်္ကျီခပ်ပွပွလေးဝတ် ထားသော တင်တင်ကြည်သည် ဖွေးဖွေးသန့်သန့်လေး ဖြစ်နေသည်။ ကလေးရော မိခင်ပါ အန္တရာယ်တွင်းမှ လွတ်ကင်းခဲ့ပြီမို့လည်း တစ် ကြောင်း၊ ဖိုးသင်္ကြန်က “သား စာကို အပြတ်ကျက်တော့မယ် မေမေ၊ ဒီနှစ်အောင်စေရမယ် စိတ်ချ” ဟု အမေ့ပါးကိုနမ်းကာ ကတိပေးသွား သောကြောင့်လည်း တစ်ကြောင်း အကြောင်းနှစ်ကြောင်းတို့ကြောင့် စိတ်...