Skip to main content

Posts

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၁၀)

မိတ်ဆွေလေးဦးတို့ ဤသို့ဖြစ်ပျက်နေချိန်တွင် ပေါက်လှမှာလည်းသင်္ကန်းကြီး ဖိုးရိုးဖားရားနှင့် အမရပူမြို့ဘက်သို့ မြင်းကို ဒုန်းစိုင်းနှင်လျက်ရှိသည်။ကံအားလျော်စွာ ယာယီတဲတစ်ခု၏နောက်၌ လှမ်းထားသော အဝတ်အစားတစ်စုံကို တွေ့သဖြင့် ဝင်ရုပ်ခဲ့ပြီး ချုံကွယ်တစ်ခုတွင် သင်္ကန်းချွတ်၍ လူဝတ်လဲလိုက်သည်။ ထို့နောက်ခရီးကိုဆက်ပြန်သည်။အမရပူရအစွန်သို့ရောက်သော် မြင်းတစ်စီးသည် မိမိ၏ရှေ့တူရူမှအပြင်းစိုင်းနှင်လာသည်ကို တွေ့ရ၏။ ပထမသော် ပေါက်လှသည်ရှောင်လွှဲသွားမည်ကြံသေးသည်။ သို့ရာတွင်တစ်ဦးချင်းဖြစ်နေသည်ကိုသတိရသဖြင့် မမှုဘဲ ရှေ့ဆက်တိုးလာသည်။ အနီးရောက်သော်ပေါက်လှမှာ အံ့အားသင့်သွားကာ နှုတ်မှလည်း လှမ်းခေါ်လိုက်မိသည်။ “ဟေး ကိုရင်ဒွန်းဦး ဘယ်လဲ” ရှေ့မှလာနေသူမှာ ပေါက်လှနှင့် တစ်တပ်တည်းနေ အကြပ်ကြီးဒွန်းဦး ဖြစ်သည်။ “အလို ပေါက်လှ ဘယ့်နှယ်လှည့်ပြန်လာလဲ” “အရေးရှိလို့ပေါ့ တပ်ကိုသွားမလို့ ကိုရင်ကကော ဘယ်လဲ” ဒွန်းဦးက ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်၍ ပေါက်လှနားကပ်ကာ တိုးတိုးဆိုသည်။ “တပ်ကိုသွားရင်သေမင်းပါးစပ်ထဲ ဝင်တာနဲ့ တူနေလိမ့်မယ် အခုဗိုလ်မှူးကိုဖမ်းသွားပြီ” ပေါက်လှ၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ သူ ခဲလေသမျှသဲရေကျပေပြီ။  “ဖမ်းသွားပြ...

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၉)

သီတင်းကျွတ်လပြည့်ကျော်ခဲ့သဖြင့် မိုးရိပ်မိုးစင်များ ဝေးခဲ့သည်။သို့ရာတွင် လကွယ်ရက်များ၌ အမှောင်ရိပ်များ စိုးမိုးချင်းနင်းဝင်ရောက်လာသည့်နည်းတူ ရတနာပုံနေပြည်တော်တစ်ဝန်းလုံး၌လည်းစစ်ရိပ်စစ်မြူတို့ဖုံး လွှမ်းတက်လာစပြုသည်။ ရွှေနန်းမြို့တော်အတွင်း လွှတ်တော်၏ အရှေ့မြောက် ပဟိုရ်စည်အနီးတွင် ကနားဖျင်းဆောက်လုပ်၍ မြေပုံ ညှပ်ပုံတို့နှင့် အမြောက်ဆန်၊သေနတ်ဆန်များ နေ့မီးညမီးဆက်ကာ သွန်းလုပ်နေကြသည်မှာလည်းသောသောညံအောင်ရှိနေသည်။ ရွှေနန်းတော်အရှေ့ပြင်၌လည်း ကြီးမားသော စစ်ရေးပြ ဗိုလ်ရှုခံပွဲတို့အား ဆင်ယင်ကျင်းပခြင်းတို့လည်း ဆက်တိုက်ပေါ်လာသည်။ မြို့တော်၏လမ်းဆုံလမ်းခွ၊ ရုံးပြင်ကနား၊ စျေးစသော လူစည်ရာအရပ်တို့၌လည်းအမျိုး ဘာသာ သာသနာနှင့် အရှင်မင်းတရားအတွက်အသက်စွန့်မည့်သူရဲကောင်းများ စစ်မှုထမ်းရန် ပြန်တမ်းဆင့်ဆို ဖိတ်ခေါ်သံများလည်းမစဲတော့။ မင်းမိဖုရားတို့အား မကြည်ညိုသည်ကြည်ညိုသည်အပထား၊နိုင်ငံတော်တစ်ဝက်အား မတရား သိမ်းမျိုထားသည့် ရန်သူကုလားဖြူတို့အား ရာဇဝင်ကြွေးဆပ်လိုသူ မျိုးချစ်အပေါင်းတို့မှာလည်း စစ်ထဲသို့တဖွဲဖွဲ ဝင်လာကြကုန်သည်။ ဤလှုပ်ရှားပြောင်းလဲမှုအလုံးစုံသည် ရွှေနန်းတော်တွင်း၌ စစ်မလိုလားသူ ကင်းဝန်မင်းကြီး၊ ကျောက်မ...

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၈)

လရောင်သည်ပြတင်းမှတိုးဝင်ကျရောက်နေသည်။ဗိုလ်သူရိန်သည် မျက်လုံးကိုဖွင့်လျက် ပတ်ဝန်းကျင်အား ဝေဝါးသောစိတ်နှင့်လှည့်လည်ကြည့်နေမိသည်။ပထမဆုံး သတိပြုမိသည်မှာ အေးမြသော ငွေလရောင်နှင့် ကြယ်ဖူးကြယ်ပွင့်တို့ပျံ့နှံ့စီကြဲရာ မိုးပြာပြာပင်ဖြစ်လေသည်။ ထိုအခိုက်တွင်ပင်နှာဝ၌ သင်းပျံ့သောရနံ့မှာ ကြိုင်လှိုင်လာသည်။ဗိုလ်သူရိန်သည်ယောင်ယမ်း၍ မိမိရင်ထက်စိးမိုးလျက်ရှိသော မျက်နှာကလေးအား လက်ဝါးနှစ်ဖက်နှင့်ပွေယူလိုက်မိသည်။ “အို အမေ့” သာယာသော မိန်းမသားတစ်ဦး၏ ညံ့သက်သည့် ထိတ်လန့်သံပင်တည်း။ ဗိုလ်သူရိန်ကိုယ်တိုင်ပင် တုန်လှုပ်သွားသည်။ ထို့ကြောင့် ရုတ်တရက် ဖျက်ခနဲလဲနေရာမှ လူးလဲထမိ၏။ သို့ရာတွင်ပခုံးဆီမှ စူးခနဲ တစ်ချက်နာကျင်သွားပြီး ခေါင်းမှာလည်း မူးမိုက်သွားကာ ပြန်လဲကျလာ၏။ “အို အို မထနဲ့လေ ရှင့်မှာ ဒဏ်ရာကြီးနဲ့ ခဏလေးမှိန်းနေဦးနော်” အသံမှာ ချိုအေးသမျှ ကြင်နာမှုပြည့်နေသည်။ ဗိုလ်သူရိန်မှာ မျက်လုံးများအား မဖွင့်နိုင်။ မိမိဖြစ်ပျက်ခဲ့သည်တို့အား အပြင်းအထန် စဉ်းစားနေမိသည်။ ခဏတွင်းပင် လျှပ်ပြက်သည့်ပမာ အလင်းရောင်တစ်ချက်မှာ ခေါင်းထဲ၌ ဝင်းလက်ခ ဲ့၏။ပခုံး၌ ဒဏ်ရာနှင့် အသက်လုပြေးခ ဲ့ရပုံ၊ ခြံစည်းရိုးအား ကျော်၍ဝင်ရောက်ပုန်းအောင်းရခြင်း၊ ပန်...