အခန်း(၁၂) ''ဆေးခန်းထဲမှာ မဟုတ်ဘဲ ဆရာ့ကို အပြင်မှာ တွေ့ရတာ နှောင်း သိပ်ပျော်တာပဲ'' နှောင်းသည် ဒူးဆစ်ထိဖုံးသော ဂျင်းစကတ်ဖားဖားကြီးကို ဝတ်ထားသဖြင့် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်၏ နုနယ်လန်းဆန်းမှုမျိုး ရှိနေသည်။ တီရှပ်အဖြူပွပွကြီးကို စကတ်ထဲ ထည့်ဝတ်ထားပြီး ခါးဆီတွင် ပြန်ဖွထား၏။ လက်ပွပွ ဖားဖားကြီးမှာလည်း သေးသွယ်သော ကိုယ်လုံးကလေးနှင့် မတန်တဆ ပွရောင်းနေသောကြောင့် လှပသော အရုပ်ကလေးတစ်ရုပ်နှင့်လည်း တူသေးသည်။ ''နှောင်းပျော်တယ်ဆိုရင် ဆရာ ဝမ်းသာတယ်'' ''တစ်ခါလောက် မေမေနဲ့ လာဦးမှပဲ၊ ကော်ဖီလဲ ကောင်းတယ်နော်... ဆရာ'' စိတ်လွတ်ပျော်ရွှင်စွာ ခြံဝင်းအကျယ်ကြီးကို ဟိုသည်ငေးမောစူးစမ်း နေသည့် နှောင်းသည်တကယ့် ကလေးမကလေးပဲ ဖြစ်နေသည်။ ''ဆရာ့ဇနီးက ချောလားဟင်...ဆရာ'' သူ့ဇနီးအကြောင်း နှောင်း မေးသောကြောင့် သူ အနေမခက်တော့ပါ။ သူ ကရော်ကမယ် ဖြေလိုက်ဖို့ စဉ်းစားပြီးမှ တည်ကြည်စွာ ဖြေလိုက်၏။ ''ကြည့်လို့ကောင်းရုံပါပဲ နှောင်း၊ မချောလှပါဘူး'' သီသည် ဣန္ဒြေရသော မျက်နှာထားတွင် စူးရှနက်မှောင်သော မျက်ဝန်းများ ရှိသည်။ နှစ်ပေါင်းများစွာ ကွဲကွာနေသော်လည်း သီ့မ...
https://t.me/TheBookR