Skip to main content

Posts

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၃)

အထက်ပါ အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ပြီးသည့်နောက် နှစ်လကျော်အကြာ တော်သလင်းလဆုံးမည်မူးမူး သီတင်းကျွတ်နီးလုလု တစ်ညနေပဟိုရ် လေးချက်ခန့်တွင် အမရပူရမြို့အနောက်ဘက် သပြေတန်းခံတပ်ထိပ် အမြောက်တစ်လက်အနီးတွင် လူနှစ်ဦးမှာ လေးနက်စွာ ဆွေးနွေးလျက်ရှိကြသည်။ တစ်ဦးမှာ ဘုရင့်တပ်မတော်အရာရှိ အဆောင်အယောင်ဆင်ယင်ထား၍အသက်အစိတ်ခန့် အရပ်အမောင်း မြင့်မြင့်မားမား၊ ရင်အုပ်ကျယ်ကျယ်သံမဏိကဲ့သို့ မာကျောဟန် သဏ္ဍာန်ပေါ်သူ တစ်ဦးဖြစ်သည်။၎င်း၏လည်ကုတ်၌ ထင်ရှားလှသော နဂါးရုပ်ကြီးအား ဆေးရေး ထိုးနှံထားသည်။ ထိုသူမှာ အခြားမဟုတ်။ ဤသပြေတန်းခံတပ်၏ ဗိုလ်မင်းဗိုလ်ဦးကြယ်၏ လက်ထောက်တပ်မှူးလေး ဗိုလ်သူရိန်ဖြစ်သည်။ဗိုလ်သူရိန်နှင့်အတူ ရှိနေသူမှာ မြန်မာ ဘုရင့် သစ္စာတော်ခံ အီတာလျံလူမျိုး ကပ္ပတိန်ကွမ်မိုတို(Commotto) ဖြစ်သည်။ နှစ်ဦးမှာ စကားပြတ်စ အတွေးကိုယ်စီ အလီလီနှင့် ငြိမ်သက်နေကြသည်။ ဓားလွယ်ခုတ်တစ်ဖက်ကမ်းတွင် မြကြောနောက်ခံဝယ်ထုံးဖြူဖြူရောင်ဖွေးဖွေးနှင့် သပ္ပယ်ဖွယ် စေတီ တော်တို့စံပယ်ရာ အေးငြိမ်းသာယာသော စစ်ကိုင်းတောင်ရိုးအား လှမ်းမြင်ရသည်။ မြစ်လယ်တွယ်မူသောင်ရိပ်ကျွန်းရိပ်တို့ပေါ်ထွန်းစပြုပေပြီ။ သီတင်းကျွတ် လဦးတွင်ဖြစ်သဖြင့် ခံတပ်ပတ်ဝန်းကျင်ရှိ တော...

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၂)

(၂) ဤမှာဘက်မှ ချောင်းမြောင်းနားထောင်နေသူ နှစ်ဦးအတွက်မှာလည်းဤကိစ္စမှာ ပြီးပြတ်သွားသကဲ့သို့ရှိသည်။ “ကြားရတာတော့အစုံပါပ ဲ ဗိုလ်မှူး...” သွေးသောက်ကြီးက တရုတ်ကတ်မှ မျက်နှာကိုခ ွာရင်း ပြောသည်။ဗိုလ်မှူးကမူအတွေးနက်နေဟန်နှင့်ရုတ်တရတ်စကားမပြန်ချေ။ “ကြုံတုန်း မေးပါရစေ ဗိုလ်မှူး... ကိုယ်တော်လေးဆီက ဘာများအမှာတော်ရပါသေးလဲ...” ဗိုလ်မှူးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ “အင်း... ဟိုတစ်လောက ကိုယ်တော်လေး ရန်ကုန်ကို တိတ်တဆိတ်ကြွလာပြီး ပြန်သွားရကတည်းက ဘာမှ တိုက်ရိုက်အမှာတော်မဆိုက်သေးဘူး... ဒါပေမယ့်...” လေသံနှင့် ပြောနေရာမှ ဗိုလ်မှူးသည် ချက်ချင်းရပ်သွားသည်။ကြမ်းပြင်မှာ အနည်းငယ်လှုပ်သွားကာ တစ်ဖက်ခန်းမှ ခြေသံပြန်ကြားရသည်။ နှစ်ဦးသားမှာ တရုတ်ကတ်ဆီ ပြန်ခေါင်းရောက်သွား၍ ခန်းဆီးကိုအသာဖယ်၍ ကြည့်မိပြန်သည်။ တစ်ဖက်ခန်း၌ နံရံလျှို့ဝှက်တံခါးတစ်ချပ်မှ ဟတ်(စ်)၏ လက်ထောက်ဖြစ်ဟန်တူသူ မျက်နှာဖြူတစ်ယောက် ဝင်လာသည်။ မရှေးမနှောင်းပင် ကတ္တီပါတပ်တံခါးမှ စောစောက စကားပြန်လုပ်သူသည်ပြန်ဝင်လာ၏။ “ဘယ့်နှယ်လဲ စာရေးတော်ကြီး... ဒီညလာတာ ဘာအဓိပ္ပါယ်လဲ...” မျက်နှာဖြူက ဆီးမေးသည်။ “တိုးတိုး မွန်စီယာ... ကောင်းသော အဓိပ္ပါယ်ပါပဲ... မြန်မာဘက်ကလိုက်လျ...

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၁)

စကားသစ္စာ မှန်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏။                    ရှင်မဟာသီလဝံသ သစ္စာ ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တေ ွးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တေ ွ့ငြားပေမူ၊ စာပေကျေးက ျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။            တက္ကသိုလ်ဘုန်းနိုင် (၁) ခရစ်သက္ကရာဇ် ၁၈၈၅ ခု၊ မေလ၏နောက်ပိုင်း မိုးသည်ထန်သော ညတစ်ည ဖြစ်သည်။ မိုးသံလေသံတို့ဖြင့် ဆူညံလျက် ဤသို့အမှောင်မင်းမူသော ညဝယ်ရတနာပုံနေပြည်တော်၏ အနောက်ပြင် ‘ကုလားမြို့’ အပါအဝင်မေဃဂီရိရပ်ရှိ ဝါးကျောထုထရံ ဝန်းကာအပ်သည့် အမိုးသုံးထပ် လည်ပေါ်တန်ဆာဆင်အပ်သော ဖရန်စစ် အရေးပိုင် အင်မ် ဖရက်ဒရစ်ဟက်စ်(M. Frederic Haas) ၏ နေအိမ်ခြံဝင်းတံခါးရှေ့၌ န ွားဆွဲ ဗီရိုလှည်းတစ်စီးသည် မြင်းစီးသူရဲ ဝဲယာအခြံအရံနှင့် ရုတ်တရက် ထိုးဆိုက်လာသည်။ ရထားထက်မှ ခေါင်းနှင့်ကိုယ်ပါ ဝက်ရုံနက်များ ခြုံလွှမ်းထားကြသောလူသုံးဦး ဆင်းလာကြသည်။ ထိုအခိုက် တွင်ပင် မိုးသံလေသံတို့အားခွင်းလျက်သိမ်းငှက်အော်သံပမာ အသံတစ်...

အဖေညာတယ် - လင်းအိမ်

အဖေ ... ကျွန်တော့် ကို ညာခဲ့တာလား .. ။ ............. ကျွန်တော်ငယ်ငယ်တုန်းက အဖေ အပြင်ထွက်ပြီဆိုရင် လက်ဆွဲပြီး လိုက်နေကျ။ စပ်စုတတ်တဲ့ ဗီဇပါတော့ မသိတာမြင် လက်ညှိုးထိုးမေးတော့တာပဲ။ အဖေကလည်း ကျွန်တော် သိလိုသမျှ အကုန်ဖြေခဲ့ပါရဲ့.. ။ ဒါပေမယ့် .. အဖေ ညာခဲ့တယ်။ ...................... အပြင်မှာ နေကျဲကျဲတောက်ပူနေတယ်။ အဖေနဲ့ကျွန်တော်က ခြံထဲ အရိပ်ကောင်းတဲ့ အပင်အောက်မှာ အတူထိုင်နေကြတာပါ။ အဲဒီချိန်မှာပဲ  " ပုန်းရည်ကြီးတွေ၊ အညာဇီးသီးတွေ ရမယ် " စျေးတောင်းလေးကို ထမ်းပြီး အော်ရောင်းသွားတဲ့ လူတစ်ယောက် ကျွန်တော်တို့အိမ်ရှေ့ကနေ ဖြတ်သွားတယ်။ နေကပူတဲ့အထဲ  ထီးမပါ ဘာမပါဆိုတော့ ချွေးတွေ ရွှဲနေရောပဲလေ။  "ဖေဖေ၊ ဟိုလူကြီးက နေပူထဲထီးလည်းမဆောင်းဘူးနော် " " နေအပူထက် ဘဝအပူက သူ့အတွက်အရေးကြီးတာကိုး သားရဲ့ " " ဘဝအပူဟုတ်လား ဖေဖေ " " ဟုတ်တာပေါ့ သား ရယ်။ ပညာမတတ်ခဲ့တော့ သူ့ခမြာ အရိပ် မရှိရှာဘူး။ နေပူထဲ ပင်ပင်ပန်းပန်းး ရှာဖွေစားသောက်ရတာပေါ့ " " ပညာတတ်ရင် အရိပ်ရှိတာလား ဖေဖေ " " ဒါပေါ့ သားရဲ့။ ပညာတတ်တော့ အရိပ်အောက်မှာ ပန်ကာအောက် မှာ ဘောဘ်ပန်လေး ကိုင်...

တစ်ဖက်သားရူးအောင် ပြုရက်လေတယ်

သူ့ရှေ့ရှိ စားပွဲပေါ်သို့ ရေခဲသုပ်ခွက်ကို ခွပ်ခနဲချပြီး ထွက်ခွာသွားသောကြောင့် လှမ်းပြောမည် ပြုလိုက်စဉ်တွင် ဟိုဘက်စားပွဲမှ အသံတစ်သံ ထွက်လာသည်။ “ဘာလီချည်းပဲ နှစ်ခွက်ဖြစ်နေပြီ၊ ကျွန်မတို့မှာတာက ဘာလီတစ်ခွက်၊ ရေခဲသုပ်တစ်ခွက်လေ” ထို့ကြောင့် ဟိုဘက်စားပွဲနှင့် ဒီဘက်စားပွဲ မှားပြီးချမိကြောင်းကို သိလိုက်၏။ သူကလည်း “ကျွန်တော်က ဘာလီမှာတာဗျ” ဟု ပြောလိုက်ပြန်သည်။ အအေးဆိုင်မှ ဦးယမ်းဘီလူးသည် “မှားသွားလို့ပါ၊ ဆရာ့ဘာသာ လဲယူလိုက်ပါတော့၊ ကျွန်တော် ဖွဲတွေကိုင်ထားလို့” ဟု ပြောပြန်သည်။ သူ့ကို ဆရာဟုခေါ်သောကြောင့် ကျောင်းဆရာဟု မထင်ကြပါနှင့်။ ဤတက္ကသိုလ်စားသောက်ဆိုင်မှ လူများသည် ကျောင်းသားများကိုလည်း တစ်ခါတစ်ရံ ဆရာဟု ခေါ်တတ်သည်။ သူ သို့တည်းမဟုတ် အောင်ချစ်ဝင်းသည် ဘူမိဗေဒကျောင်းသားတစ်ယောက်သာ ဖြစ်၏။ ဟိုဘက်စားပွဲကို သူ ကြည့်လိုက်သည်။ ကျောင်းသူနှစ်ယောက်။ သူတို့ကလည်း အောင်ချစ်ဝင်းကို ကြည့်နေသည်။ တစ်ယောက်ကတော့ သူနှင့် မျက်လုံးချင်းဆုံမိသောအခါ မျက်နှာလွဲသွွှားသည်။ ကျန်တစ်ယောက်ကတော့ သူ့ကို ပြုံးစေ့စေ့ကြည့်နေဆဲ။ အောင်ချစ်ဝင်းသည် ရေခဲသုပ်ကိုယူ၍ ဟိုဘက်စားပွဲဆီသို့ ထသွားသည်။ ရေခဲသုပ်ခွက်ကို စားပွဲပ...