Skip to main content

Posts

ကွက်လပ်ကလေးဖြည့်ပေးပါ ၇

အပိုင်း(၇) “လူဆိုတာ တော်တိုင်းလဲကောင်းတာမဟုတ်ဘူး၊ ကောင်းတိုင်းလဲ တော်တာမဟုတ်ဘူး သားလေးရ။ တကယ့်လူဆိုတာ ကောင်းလဲကောင်းရမယ်၊ တော်လဲတော်ရမယ်၊ သိလား” ဘဘသွင်သည် ကိုတူး၏နဖူးကိုသပ်ပြီး ကြင်နာစွာပြောသည်။ ဘဘသွင်ကို မှီထိုင်နေသော ကိုတူး၏မျက်လုံးလေးများသည် အရောင်တောက်ကာ ရွှန်းပနေကြ၏။ ကြီးကြီးသည် ချစ်ခင်စွာ စကားပြောနေကြသော ကိုတူးနှင့်ဘဘသွင်အား ပြုံးပြီးကြည့်နေလေသည်။ “သမီးရဲ့ ဘဘသွင်လဲ ကိုတူးကိုတွေ့ပြီးမှ စိတ်တော်တော်ငြိမ်တယ်၊ ဘုရားတရားလဲ သတိရတယ်၊ စိတ်ချမ်းသာပုံရတယ်၊ ကိုတူးလေးကို ကျေးဇူးပဲ” စူးမာသည် စာကလေးခွေကို ဇိမ်ဆွဲပြီး စားနေရင်းမှ ဘဘသွင်အကြောင်းကို စဉ်းစားနေမိသည်။ တစ်ခါတစ်ရံ ကြောင်ကြောင်ကြည့်တတ်သော မျက်လုံးများမှအပ ဘဘသွင်ကို စိတ်မနှံ့သူဟူ၍ ပြောရန် ခဲယဉ်းလှသည်။ သူစိတ်ဖောက်လာသောအခါများတွင် သူများလို ကြမ်းကြမ်းတမ်းတမ်းမဟုတ်ဘဲ သီချင်းတအေးအေးဆိုကာ ခြံထဲတွင် ပတ်ပြီး လမ်းလျှောက်နေတတ်လေသည်။ “လူတော်ဆိုတာ အရည်အချင်းထက်မြက်တဲ့သူ၊ ပညာတော်တဲ့သူ၊ လုပ်ရည်ကိုင်ရည်တော်တဲ့သူမျိုးကို ခေါ်တာကွဲ့။ လူကောင်းဆိုတာကတော့ အကျင့်စာရိတ္တ၊ မျိုးရိုးအခြေအနေ၊ စိတ်ထားကောင်းတဲ့သူပေါ့။ တချို့လူတွေဟာ ထက်မြက်တယ်၊ တော်တယ်၊ ပြတ်သားတယ...

ကွက်လပ်ကလေးဖြည့်ပေးပါ ၆

အပိုင်း (၆) "စူးမာတော့ ပျော်တာပဲ၊ ကိုတူးကြောင့်လွတ်တာ။ ကိုတူးသာ အဲဒီလို မလုပ်ရင် ဆေးတိုက်ကို ဘယ်နှရက်များ ဆက်ပြီးလိုက်နေရဦးမယ် မသိ။ ဟဲ ဟဲ အခုတော့ ဖေဖေစိတ်ဓာတ်ကျသွားပြီ" ပြုံးရွှင်စွာပြောနေသော စူးမာကိုကြည့်ရင်း ကိုတူးသည် မျက်မှောင်ကြီးကုတ်နေလေသည်။ သူ အဆူခံခဲ့ရသမျှ စူးမာပျော်ဖို့ဖြစ်နေသဖြင့် မကျေမနပ်ဖြစ်နေသည်။ “ဟင်း တယ်ဟုတ်၊ ငါကတော့ အဆူခံလိုက်ရတာ”  “နှစ်ယောက်ကောင်းကျိုး တစ်ယောက်ထဲသယ်ပိုးတာ မြတ်ပါတယ် ကိုတူးရ၊ အဟဲ”  “ခွေးစူးမာ” ကိုတူးသည် သူ့လက်ထဲမှ ကင်းပုံသီးလေးနှင့် စူးမာကို လွှဲပေါက်လိုက်သည်။ စူးမာ ခေါင်းငုံ့၍ရှောင်လိုက်သော်လည်း အတန်ငယ်နောက်ကျသွားသည်။ ကင်းပုံသီးနုနုသည် စူးမာ၏နဖူးကို ထောက်ခနဲ ထိမှန်သွားလေသည်။ မနာသော်လည်း စပ်ဖျဉ်းဖျဉ်းဖြစ်သွားသောနဖူးကို ပွတ်ရင်း စူးမာသည် မျက်နှာကို တအားကြီးရှုံ့မဲ့ထားလေသည်။ ကိုတူးက သူ့လက်ဖြောင့်လှသည်ဟု သဘောကျပြီး တဟားဟား ရယ်နေသောအခါ စူးမာ၏နှုတ်ခမ်းများသည် ချွန်ထွက်လာကြကုန်သည်။ “နင့်တစ်ကိုယ်လုံး တိရစ္ဆာန်တွေချည်းပဲ စူးမာ။ မျောက်လိုဆော့တယ်၊ ရန်ဖြစ်ရင် ခွေးလိုကိုက်တယ်၊ စိတ်ဆိုးပြန်တော့ နှုတ်ခမ်းကြီးက ဝက်ဖင်လိုပဲ၊ ဟားဟား” “ကိုတူးနော်”  “ဘာလဲဟ ဝကျ...

ကွက်လပ်ကလေးဖြည့်ပေးပါ ၅

အပိုင်း(၅) ပျော့ပျောင်းနူးညံ့လှသော ဆံပင်များသည် နက်မှောင်နေသည်။ မမကြီးသည် ဆံပင်ကို ဖားလျားချပြီး ဆံပင်အရင်း ဦးရေပြားအထိ ရောက်အောင် လက်ချောင်းလေးများနှင့် ဖိနှိပ်ပွတ်သပ်ပြီး အုန်းဆီထည့်လေ့ရှိသည်။ အုန်းဆီကို လက်ဖျားလေးနှင့်တို့ယူလိုက်၊ ဆံရင်းကိုပွတ်လိုက် မမကြီး တခါ တခါ အုန်းဆီထည့်လျှင် နာရီဝက်ခန့်ကြာမည်ထင်သည်။ ထိုကဲ့သို့ ဆံပင်ကို ဂရုစိုက်လွန်းသောကြောင့်လည်း မမကြီး၏ဆံပင်များသည် သန်စွမ်းသလောက် အရောင်ကလည်း ပိတုန်းရောင်တောက်ကာ မည်းနက်နေသည်။ ပျော့ပျောင်းနူးညံ့နေသည်။ " စူးမာ...လာစမ်း၊ အုန်းဆီထည့်" မမကြီးက ခေါ်သောအခါ စူးမာ နောက်တွန့်သွားသည်။ စူးမာ၏ဆံပင်လေးများသည် တိုသော်လည်း ဖွာလန်ကျဲနေသည်။ အုန်းဆီမှန်မှန်မထည့်၍ နီကြောင်ကြောင်အရောင် ပြေးနေသည်။ မိုးရေထဲတွင်လည်းကောင်း၊ နေပူစပ်ခါးတွင်လည်းကောင်း လျှောက်ဆော့ပြီး တခါတရံ မိုးသန်းစွဲသေးသည်။ စူးမာဆီမှ သန်းကူးမည်ကြောက်သောကြောင့် မမကြီးသည် စူးမာနှင့်အတူတူ မအိပ်လိုခြင်းဖြစ်သည်။  “မိန်းကလေးဆိုတာ ဆံပင်ဟာ အလှတစ်ပါးပဲ စူးမာရဲ့၊ ကောင်းခြင်းငါးသွယ်ထဲမှာ ဆံပင်၏ကောင်းခြင်းက တစ်ပါးပါတယ်။ ဒီလိုသာ နီကြောင်ကြောင်၊ စုတ်ဖွားဖွား၊ သန်းထူထူနဲ့ ကြီးရင်တော့ ငါ့ညီမ...

ကွက်လပ်ကလေးဖြည့်ပေးပါ ၄

အပိုင်း(၄) ပျော့ပျောင်းနူးညံ့လှသော ဆံပင်များသည် နက်မှောင်နေသည်။ မမကြီးသည် ဆံပင်ကို ဖားလျားချပြီး ဆံပင်အရင်း ဦးရေပြားအထိ ရောက်အောင် လက်ချောင်းလေးများနှင့် ဖိနှိပ်ပွတ်သပ်ပြီး အုန်းဆီထည့်လေ့ရှိသည်။ အုန်းဆီကို လက်ဖျားလေးနှင့်တို့ယူလိုက်၊ ဆံရင်းကိုပွတ်လိုက် မမကြီး တခါ တခါ အုန်းဆီထည့်လျှင် နာရီဝက်ခန့်ကြာမည်ထင်သည်။ ထိုကဲ့သို့ ဆံပင်ကို ဂရုစိုက်လွန်းသောကြောင့်လည်း မမကြီး၏ဆံပင်များသည် သန်စွမ်းသလောက် အရောင်ကလည်း ပိတုန်းရောင်တောက်ကာ မည်းနက်နေသည်။ ပျော့ပျောင်းနူးညံ့နေသည်။ " စူးမာ...လာစမ်း၊ အုန်းဆီထည့်" မမကြီးက ခေါ်သောအခါ စူးမာ နောက်တွန့်သွားသည်။ စူးမာ၏ဆံပင်လေးများသည် တိုသော်လည်း ဖွာလန်ကျဲနေသည်။ အုန်းဆီမှန်မှန်မထည့်၍ နီကြောင်ကြောင်အရောင် ပြေးနေသည်။ မိုးရေထဲတွင်လည်းကောင်း၊ နေပူစပ်ခါးတွင်လည်းကောင်း လျှောက်ဆော့ပြီး တခါတရံ မိုးသန်းစွဲသေးသည်။ စူးမာဆီမှ သန်းကူးမည်ကြောက်သောကြောင့် မမကြီးသည် စူးမာနှင့်အတူတူ မအိပ်လိုခြင်းဖြစ်သည်။  “မိန်းကလေးဆိုတာ ဆံပင်ဟာ အလှတစ်ပါးပဲ စူးမာရဲ့၊ ကောင်းခြင်းငါးသွယ်ထဲမှာ ဆံပင်၏ကောင်းခြင်းက တစ်ပါးပါတယ်။ ဒီလိုသာ နီကြောင်ကြောင်၊ စုတ်ဖွားဖွား၊ သန်းထူထူနဲ့ ကြီးရင်တော့ ငါ့ညီမ...

ကွက်လပ်ကလေးဖြည့်ပေးပါ ၃

အပိုင်း (၃) “စူးမာ အငယ်လေးဆိုတာကို တွေ့ဖူးချင်လိုက်တာ၊ အဲဒီအငယ်လေးအကြောင်းပြောတော့ သူတို့မျက်နှာကြီးတွေက မှုန်ကုပ်ကုပ်ကြီးတွေ" “နင် ဘာလို့ အဲဒါကို ဒီလောက်စိတ်ဝင်စားနေတာလဲ” “သိပါဘူး" မန်ကျည်းပင်ရိပ်ညိုညိုသည် အေးမြလှသည်။ အောက်ဘက်သို့ ကိုင်းညွှန်နေသော အကိုင်းညိုများတွင် ရွက်နုလေးများ စီရရီနှင့် စိမ်းစိုနေသည်။ ဒေါ်ကြီးသက် အဆက်မပြတ်ခူးသောကြောင့်ထင်သည်၊ ရွက်နုလေးများသည် ရင့်သည်အထိရှိဘဲ တက်ပြီးရင်း တက်ရင်းနှင့် ထာဝစဉ် စိမ်းမြနေတတ်သည်။ ကိုတူးသည် မန်ကျည်းရွက်စိမ်းဖန့်ဖန့်များကို မမီမကမ်း ခူးပြီး သတင်းစာစက္ကူနှင့် လုံလုံထုပ်သည်။ တမော့မော့လုပ်နေသော တာတီးလေးကို လှမ်းပေးပြီးသောအခါတွင်ကား မန်ကျည်းပင်စည်ကိုမှီကာ ထိုင်ချလိုက်လေသည်။ "တစ်နေ့နေ့တော့ ဒီမန်ကျည်းပင်ပေါ်မှာ လင့်စင်ရအောင် ထိုးမယ်ကွာ၊ အပေါ်ကို ကြိုးလှေကားလေးနဲ့တက်၊ အောက်ဆင်းချင်ရင်လဲ ကြိုးကိုခိုပြီး လျှောဆင်း သိပ်ကောင်းမှာပဲ” "အခု ဘာလို့မထိုးသေးလဲ”  “ငါမှ မလုပ်တတ်သေးတာ”  "ဖေဖေကလဲ မလုပ်ပေးဘူးနော်၊ ဖေဖေဆိုရင် လင့်စင်ထိုးတတ်မှာ" စူးမာက တမ်းတမ်းတတ ပြောမိသည်။ ကိုတူးသည် မြေကြီးကို တုတ်ချောင်းလေးနှင့် ခြစ်ကစားနေရင်း ငြိမ...