Skip to main content

Posts

နားမလည်ခြင်းဒိုင်ယာရီ မင်းလူ

ဦးနှောက်ဆိုသည်မှာ ရက်စွဲ တပ်ထားခြင်း မရှိသော ဒိုင်ယာရီ တစ်ခုပင် ဖြစ်သည်ဟု ကျွန်တော်က ထင်သည်။   ဦးနှောက်သည် ဘ၀တွင် ဖြစ်ပျက်ခဲ့သော အတွေ့အကြုံတို့ကို မှတ်တမ်းတင်သည်။ ၀မ်းနည်းစရာ၊ ၀မ်းသာစရာ၊ ပျော်ရွှင်စရာ၊ နာကျည်းစရာ၊ ဒေါသဖြစ်စရာ၊ ကြည်နူးစရာ မျိုးစုံအောင်ပင်။ ဤသို့မှတ်တမ်းတင်ရာတွင် ဒိုင်ယာရီကဲ့သို့ ရှေ့နောက် အစီအစဉ်အတိုင်းတော့ မဟုတ်ချေ။ လောလောလတ်လတ် မှတ်ထားသော အကြောင်းအရာထက် လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်ကို ပို၍ စွဲစွဲလန်းလန်း မှတ်မိချင် မှတ်မိနေတတ်သည်။   ထူးခြားသော အရေးကြီးသောကိစ္စဆို ပို၍ မှတ်မိတတ်သည် မှန်သော်လည်း တစ်ခါတလေကျတော့ ဘာမှ အရေးမပါသော အသေးအဖွဲ ကလေးတစ်ခုကို မှတ်မှတ်သားသား ဖြစ်ချင်ဖြစ်နေတတ်သည်မှာ ထူးဆန်းသည်ဟု ဆိုရမည်။ ဘာမဟုတ်သည့် စကားလေးတစ်ခွန်းကို တိတိကျကျ မှတ်မိနေတာမျိုးလည်း ဖြစ်တတ်သည်။ အထူးသဖြင့် ငယ်စဉ်ကာလက အဖြစ်အပျက် အကြောင်းအရာတို့သည် မမေ့မလျော့ဘဲ ရှိနေတတ်လေသည်။ ကလေးဘ၀တွင် အတွေ့အကြုံ အတော်များများမှာ အသစ်အဆန်းတွေ ဖြစ်လေ့ ရှိသည်။ နားမလည်တာတွေလည်း အများကြီးရှိသည်။ အသက်ကြီးလာတော့မှ ငယ်ငယ်က နားမလည်ခဲ့တာတွေမှာ ရယ်စရာလို ဖြစ်နေသည်။ တချို့က...

ကွက်လပ်ကလေးဖြည့်ပေးပါ ဇာတ်သိမ်း

အပိုင်း(၁၀)(ဇာတ်သိမ်းပိုင်း) "ငါ့ကို ခွေးလို့ပြောပြော၊ တိရစ္ဆာန်၊ ပုစွန်ခေါင်း၊ ပြောချင်တာပြောပါဟာ ခံနိုင်ပါတယ်။ ခုတော့... ခု တော့ တာတီးလေးကို ချစ်လို့၊ သနားလို့ ကျွေးမိတာပါဟာ၊ အဲဒါကို မုန်းလို့သတ်တယ်လို့ ဘာလို့... ပြော... ပြောရလဲ” ကောင်းကင်ပြင်တွင် ကြယ်ကလေးများ လင်းလက်နေလေသည်။ လမိုက်သောရက်မို့ ကြယ်ကလေးများသည် ပိုမိုစုံလင်စွာနှင့် ဝင်းပနေကြလေသည်။ ကိုတူးသည် မြက်ခင်းပြင်ပေါ်တွင် ပက်လက်လှန်အိပ်ရင်း ကောင်းကင်ကျယ်ကို မော့်ကြည့်နေလေသည်။ စူးမာကမူ ကိုတူးဘေးတွင် ခြေနှစ်ချောင်းကို မိုးပေါ်ထောင်ကာ မှောက်လျက်ကလေး အိပ်နေသည်။ ဆို့နင့်စွာပြောနေသော ကိုတူး၏စကားကို နားထောင်ရင်း ရင်ထဲတွင် တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေလေသည်။ "မေမေက ဒေါသဖြစ်နေတုန်းမို့ပြောတာပါ ကိုတူးရာ”  "ဒါပေမဲ့ ဘာလို့ ဒီလိုပြောရလဲ၊ ဘာလို့ မုန်းလို့သတ်တာလားလို့  ပြော ...ပြောရတာလဲ” ကိုတူး၏အသံသည် အဖျားခတ်ကာ တုန်တုန်ယင်ယင်ဖြစ်နေလေသည်။ စူးမာလည်း ဘာဆက်ပြောရမည် မသိသည့်အတွက် ငြိမ်နေမိသည်။ ရင်ထဲတွင် ခဲဆွဲထားသလို လေးလံနေသည်။  ထမင်းစားခန်းထဲတွင် မီးလင်းနေသည်။ ဖေဖေနှင့်မေမေတို့၏အရိပ်ကို တွေ့ရသည်။ ဖေဖေ ဆေးတိုက်က ပြန်စမို့ မေမေက ဘာမျှပြော...

ကွက်လပ်ကလေးဖြည့်ပေးပါ ၉

အပိုင်း(၉) "စူးမာက မနှမြောပါဘူးဆိုကွ။ ဟား ဟား... ပေးလေ” ကိုတူး တကယ်တောင်းသောအခါ စူးမာ မျက်နှာလေးမဲ့သွားလေသည်။ စက္ကူဘူးလေးကို လက်ထဲတွင် တင်းတင်းဆုပ်ထားရင်း မဲ့တဲ့တဲ့မျက်နှာလေးနှင့် ကိုတူးကို ရယ်ပြသည်။ “ဟင် ကိုတူးက တကယ်ယူမှာလဲ မဟုတ်ဘဲနဲ့" "အမယ် ယူမှာပေါ့ ငါနိုင်တာပဲ၊ နင်ကပဲ ရှုံးရင် တကယ်ပေးမှာပါဆို”  "စူးမာဆီမှာထားလဲ အတူတူပဲပေါ့ နော် ကိုတူးရာ " "နင် မညစ်နဲ့နော်၊ ကတိဆိုတာတည်ရတယ်”  “ကဲ ရော့ ယူ၊ ယူပေါ့” စူးမာသည် မခံချင်ဖြစ်လာ၍ ဇိုးဇိုးဇတ်ဇတ် လှမ်းပေးလိုက်သည်။ ကားချပ် ဆက်ကာ ကစားသော အရုပ်ကားကို ကိုတူးလိုချင်သည်မှာ ကြာလှပြီဖြစ်၏။ ပန်းခင်းထဲတွင်ပြေးလွှား ဆော့ကစားနေသော ကလေးရုပ်ပုံလေးဖြစ်သည်။ အဖြူ၊ အနီ၊ အဝါ ရောင်စုံပွင့်နေသော ပန်းခင်းလေးထဲတွင် ခွေးဖြူဖြူလေးနှင့်အတူ ဆော့ကစားနေပုံလေးသည် ချစ်ဖွယ်ကောင်းလှလေသည်။ သစ်သားတုံးလေးများ တစ်ခုနှင့်တစ်ခု အံဝင်အောင်ဆက်ပြီးမှ ရုပ်လုံးပေါ်လာသောအခါ ကိုတူးသည် ကြည့်မဝအောင် ရှိတတ်လေသည်။ ကိုတူးနှစ်သက်မှန်းသိ၍ စူးမာကလည်း သူ့ပစ္စည်းကို ဈေးကိုင်လှလေသည်။ အခုမှ ကိုယ့်ဗိုက်ကိုယ်ယုံကြည်ပြီး လောင်းစားမိခြင်းဖြစ်သည်။ ယုံကြည်မိသော ဗိုက်က ထမင်းသုံးပ...

ကွက်လပ်ကလေးဖြည့်ပေးပါ ၈

အပိုင်း(၈) “သီတင်းကျွတ် ကန်တော့ချင်လို့ ဈေးသွားကြတယ်ဆိုတာ ကောင်းတော့ကောင်းပါတယ်၊ ဒါပေမဲ့ ဒီလိုမလုပ်သင့်ဘူးဆိုတာ သိသင့်တယ်။ အထူးသဖြင့် တာတီးလေးကိုပါခေါ်သွားပြီး လဲကြကွဲကြတာကတော့ သိပ်ဆိုးတာပေါ့။ တကယ်လို့ ကားရှေ့မှာ မှောက်လဲကြတယ်တဲ့ သေမကုန်ပေဘူးလား” ဖေဖေ့မျက်နှာသည် နီနေသော်လည်း လေသံကို အေးအောင် ကြိုးစားပြီးပြောလေသည်။ တာတီးလေးသည် မေမေ့ပေါင်ပေါ်တွင်ထိုင်ရင်း ဒူးကိုပွတ်နေသည်။ သူ့နှုတ်ခမ်းသည်လည်း ယခုမှပင်ယောင်ပြီး ဖူးလာလေသည်။ အပေါ်နှုတ်ခမ်းလေး ဖူးဖူးယောင်ကာ ထော်ထွက်နေသော တီးလေးသည် ဂဠုန်ပေါက်စလေးနှင့်တူပြီး ရယ်စရာကောင်းနေလေသည်။ သို့သော်လည်း စူးမာ မရယ်ရဲ။ ရယ်လည်းမရယ်ချင်သေး။ အကြံအစည်လည်းအကုန်ပျက်၊ ပိုက်ဆံများလည်း တစ်ဝက်နီးပါးပျောက်၊ ထို့ပြင် အဆူလည်းခံရသောအခါ ရယ်ချင်စိတ်မရှိတော့ချေ။ “ကိုတူး" ဖေဖေ့အသံက ရုတ်တရက် မာလာသည်။ ဖေဖေ့ရှေ့တွင် စူးမာရော ကိုတူးပါ လက်ကလေးတွေပိုက်ပြီး မတ်တတ်ရပ်နေကြရသည်။ စူးမာတို့ရှေ့တွင် ဖေဖေသည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ့စိတ်ကို သူငြိမ်အောင် ထိန်းနေဟန်ရှိသည်။ အိမ်ထဲတွင် အေးအေးစွာ ရှိလိမ့်မည်ဟုထင်သော သားသမီးသုံးဦးကို မြို့လည်ခေါင်၌ အလဲလဲအကွဲကွဲနှင့် ရုပ်ပျက်ဆ...