Skip to main content

Posts

လက်တွေ့ ချမ်းသာရှာနည်း(ဦးဖိုးကျား)

စကားချီး သာမညအားဖြင့် ကိုယ်ချမ်းသာ စိတ်ချမ်းသာဟူ၍ နှစ်မျိုး ရှိသည်။ စင်စစ်သော်ကား စိတ်ချမ်းသာခြင်းတခုသာ အရေးအကြီးဆုံး ဖြစ်သည်။ စိတ်ချမ်းသာမှုကို ရှင်ရှင်၊လူလူတိုင်း အလိုရှိကြသည်။ ကြိုးပမ်းရှာဖွေကြသည်။ ချမ်းသာမှုဆိုသည်ကား စိတ်၏ အလိုပြည့်မှုကို ဆိုသည်။ သို့ကြောင့် မဟုတ်လော၊ ငါးမျှားတံနှင့် တံငါသည်သည်လည်းကောင်း၊ နွားသတ်သမားသည်လည်းကောင်း၊ လက်သမားသည်လည်းကောင်း၊ သူခိုးဓားပြသည်လည်းကောင်း၊ စစ်သူကြီးသည်လည်းကောင်း၊ သတင်းစာ မဂ္ဂဇင်းထုတ်သူသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း ပုပုရွရွ မြင်သမျှ သတ္တဝါတို့သည် မိမိတို့ စိတ်အလိုပြည့်မှု ချမ်းသာမှုကို ရှာနေကြခြင်းဖြစ်၏။ ချမ်းသာမှုကား ပရမတ် ဆန်ဆန်ပြောရမည်ဆိုသော် အလိုဆန္ဒငြိမ်းမှုတည်း၊ ချဲ့ဦးအံ့။ ဥပမာ-ညီအစ်ကို သုံးယောက်သည် နံနက် အိပ်ရာထ ၇ နာရီခန့်တွင် အကြီးက ကော်ဖီနှစ်ခွက်သောက်ရမှ မိမိအလိုပြည့်၏(ဝါ)ချမ်းသာ၏။ အလတ်က တခွက်မျှဖြင့် အလိုပြည့်၏။ အငယ်ကား ရေ တခွက်ဖြင့် ကျေနပ်အလိုပြည့်၏။ ၎င်းတို့ အိမ်အနီးရှိ ဖိုးသာအောင်ကား နံနက်တွင် သရေစာစားခြင်း အလေ့အထမရှိ၊ နံနက်ထမင်းကျမှ စားတော့သည်။ ဤလေးယောက်ကို ယှဉ်ကြည့်သော် နံနက် ၇ နာရီအချိန်၌ လေးဦးလုံး စိတ်အလိုပြည့်လျက် ချမ်းသာလ...

ခြောက်ပြစ်ကင်း(ဦးဖိုးကျား)

"တောင်ပိုင်း" သမီးသည် ရေအိုးစင်၌ ရေသောက်ပြီး ဖန်ထွတ်ကို အစွန်နားတွင် တင်ထားခဲ့၏။ နောက် မောင်ငယ်က ရေသောက်မည်ဟု ဖန်ခွက်ကို ကိုင်လိုက်ရာ အစွန်အနားတွင်ဖြစ်၍ ချွတ်ချော်ကာ ဖန်ခွက်ကျခွဲလေ၏။ သား။ “ဟောဗျာ၊ ဖန်ခွက်ကွဲသွားပြီ၊ ကွဲမှာပေါ့၊ မမကိုယ်က အင်မတန် ပေါ့ပေါ့ဆဆနိုင်တာ၊ ဖန်ခွက်ကို အတွင်းကျကျ နေရာရောက်အောင် မထားခဲ့ဘူး၊ ကြည့်ပါလား၊ ဒီအစွန်အဖျားကလေးမှာမှ တင်ထားခဲ့တယ်။ ဒီက ယူမယ်လို့ လုပ်ရုံရှိသေးတယ်၊ ကျသွားတာပေါ့။ မမရဲ့အပြစ်ပဲ-သိရဲ့လား” (မျက်စောင်းထိုး၍ ပြောသည်။) သမီး။“သြော်- သြော်၊ ဟုတ်ကလား၊ အဉ်း-တယ်တော်တဲ့ မောင်ကလေးပဲ၊ မင်း- ပျာလောင်ခတ်လုပ်ပြီး မိမိရရ မကိုင်လို့ ကျကွဲတာကို ငါ့ကို အပြစ်ချသလား။ ငါထားခဲ့တာ ဘာမှမဖြစ်ဘူး။ မင်းနန့်ပျာပျာလုပ်လို့ ကွဲရတာ-သိရဲ့လား။” (ထို့နောက် အလယ်ခန်းတွင်ထိုင်၍ ဆေးလိပ်သောက်ကာ နားထောင်ကြည့်ရှုနေသော အမိ ဘက်သို့လှည့်၍)“ဒီဖန်ခွက် ကွဲရတာဟာ အမေလည်း အပြစ်မကင်းဘူး။ မနက်က ဦးပဉ္ဇင်းလာလို့ အမေကဗီရိုထဲက ဒီဖန်ခွက်ကို ထုတ်ပြီး ရေကပ်တယ်၊ ရေကပ်ပြီး သူ့နေရာကို ပြန်ရောက်အောင် မထားပဲနဲ့၊ ရေအိုးစင်မှားထားလို့ ဖြစ်ရတာ။ ဒီဖန်ခွက်ဟာ ဧည့်သည်များ၊ ဘုန်းကြီးများအတွက်တယ်ဖို့၊ ကပ်ဖို့ သ...

မင်းကတော်(ဦးဖိုးကျား)

ညွန့်မေ၏ မိဘတို့သည် တောသူတောသားများ ဖြစ်ကြ၏။ ဆင်းရဲလည်း ဆင်းရဲကြရှာ၏။ ညွန့်မေ ငယ်စဉ်ကပင် အဖသေဆုံးသွား၍ မုဆိုးမ ဒေါ်ခင်သည် သမီးကလေးကို ငြိုငြင်စွာ မွေးမြူခဲ့ရ၏။              ညွန့်မေတို့မှာ ဟင်္သာတမြို့တောင်ဘက် ငါးမိုင်ခန့်အကွာ နတ်မော်ရွာတွင် အစွန်အဖျား၌ နေကြရ၏။ ဒေါ်ခင် သည် မိမိ၏တဲအိမ်ကလေး ရှေ့ပိုင်းတွင် ဘူးသီးကြော် ကြော်ကာ အသက်မွေးရ၏။ ကံအားလျှော်စွာ ‌ဒေါ်ခင်၏ ဘူးသီးကြော်မှာ တဖြည်းဖြည်းနာမည်ရလာ၍ ကြော်နိုင်သမျှကုန်သောဟူ၏။                နတ်မော်လမ်းမှာ လှည်းလမ်း မော်တော်ကားလမ်းကျသဖြင့် ဒေါ်ခင်၏ ဘူးသီးကြော်ဆိုင်သည် စားတဲ စားခန်းတခု ဖြစ်သွားလေ၏။                ဒေါ်ခင်သည် သူများအမေများထက် သားသမီးကို ကဲလွန်ပိုမိုချစ်သည်ဟု ဆိုလောက်သည်။ မိမိမှာ ငြိုငြင်ဆင်းရဲစွာ လုပ်ကိုင်စားသောက်ရသော်လည်း သမီးကလေးကို အလုပ်ကြမ်းကို မဆိုဘိ၊ တံမြက်စည်း လှည်းမှ မခိုင်းရက်လေ။                 ညွန့်မေမှာ ကုသိုလ်ထူးသူဖြစ်၍ အတန်ပင် ပုံပန်း ရုပ်ဆင်းချောမော၍ ချစ်ခင်နှစ်သက...

အရက်သမား(ဦးဖိုးကျား)

အင်းစိန်မြို့နေ ကျောင်းဆရာမ မစိန်သည် ဆယ်တန်းနှင့် ဆရာဖြစ်စာမေးပွဲကို အောင်မြင်ပြီး ရန်ကုန်မြို့ ကျောင်းတကျောင်းတွင် အလုပ် လုပ်နေရာ တနေ့၌ ကျောင်းဆင်း၌ ညနေလော်ကယ်ရထားနှင့် ပြန်လာခဲ့၏။ ၎င်းစီးသောတွဲတွင် လူမများလှ၊ မနီးမဝေးခုံတွင် "ဗိုလ်ဆံတောက်"ခေါင်းစုတ်ဖွားနှင့် အဝတ်အစား မသပ်မရပ်သော လူရွယ်ရွယ်တယောက် ပါ၏။ အသက်ကား ၂၄နှစ်လောက်ရှိ၍ ဆရာမ မစိန်အောက် သုံးလေးနှစ် ငယ်ပုံရ၏။ သမိုင်းဘူတာအနီးသို့ ရောက်သော အခါ လက်မှတ်စစ်တက်လာ၍ လက်မှတ်စစ်ရာ မကြာမီပင် ၎င်းလူကို ရထားခိုးစီးသည်ဟု ဖမ်းလေ၏။ မလိုက်ဘူး၊လိုက်ရမည်ဟု ငြင်းနေစဥ် မစိန်က ဝင်၍ လက်မှတ်စစ်အား မိမိကပင် ကျသင့်သော လက်မှတ်ဖိုးငွေကို ပေးပါမည်ဟုဆို၍ လက်ထဲသို့ ငွေထည့်ပြီး လက်မှတ်စစ်ကို လွှတ်လိုက်လေသည်။            "ရှင် ဘာဖြစ်လို့ ရထားခိုးစီးရသလဲ"            "ပိုက်ဆံ မရှိလို့"            "ဪ-ဪ ပိုက်ဆံမရှိရင် ခိုးစီးရရောလား"ဟု ဆရာသံဖြင့် ခပ်ထန်ထန်မေးလေသည်။           ထိုယောကျာ်းပျိုကား ဘာမျှ ပြန်မပြောဘဲ မျက်နှာအောက်ချ၍ အောက်သိုးသိုး လုပ်နေသည်။ အတန်က...

လူရိုး(ဦးဖိုးကျား)

ဘသာနှင့်ထွေးမောင်သည် ကျောင်းနေဖက်ဖြစ်ကြသည်။ ကျောင်းတွင် နေကြစဉ်က ဘသာမှာ သွက်လက်ချက်ချာ အကင်းပါး၍ လူလည်လူရှုပ် ဟုလည်း အခေါ်ခံရသည်။ ထွေးမောင်ကား ထုံ-အ-ထိုင်း-အ-န-အေးအေး ဆေးဆေး နေတတ်၍ လူညံ့လူပျော့ဟု အခေါ်ခံရသည်။  ကျောင်းမှ ထွက်ကြပြီးနောက် နှစ်ယောက်လုံး အိမ်ထောင်ကျကြ၍ ဘသာမှာ(ရန်ကုန်)အလုံတွင် နေသည်။ ထွေးမောင်မှာ ကြည့်မြင်တိုင်တွင် နေသည်။ ဘသာသည် တစုံတရာ စွဲစွဲမြဲမြဲ အလုပ်မရှိ၊ ထီးထမ်းလမ်းလျှောက် လူပေါ်ကြော့ လူပေါ်မှာ အညွန့်ခူးစားလေသည်။ထူးသည်ကား ဘသာမှာ ပြောင်ပြောင်လက်လက် ဝတ်စား၍ စားလိုက်သောက်လိုက်နှင့် အတော်ဟန်ကျပန်ကျ နေနိုင်လေသည်။ ထွေးမောင်ကား ဓာတ်မီးကုမ္ပဏီတခုတွင် ဓာတ်မီးပြင်ဆင်ကြည့်ရှုသည့်ဘက်က တလ ၄၀ကျပ်နှင့် လုပ်ရသည်။သားသမီးသုံးယောက် ရှိလာသည့်အပြင် အိမ်သားများ မကြာမကြာ မကျန်းမာသည်နှင့် ငွေကြေးမလုံလောက်၊ ဆင်းရဲကြွေးတင် ဖြစ်ရသည်။  မကြာမီ ဘသာသည် မိမိ၏မယားနှင့် မသင့်မမြတ် ခွဲခွာကြ၍ တခုလပ် ပေါ်ကြော့အနေဖြင့် နေလေတော့သည်။ ထွေးမောင်၏ အိမ်သို့ မကြာမကြာ လာရောက် လည်ပတ်တတ်၏။ ‌ထွေးမောင် ဆင်းဆင်းရဲရဲနေရသည်ကို သနားသည်ဟု တနေ့၌ အကြံပေးလေသည်။  ၎င်းတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်တဆိုင်တွင် ‌ထောင့်...

မယ်မြ(ဦးဖိုးကျား)

လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း  အမျိုးသားကျောင်းတကျောင်း တည်ထောင် လေသည်.။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တခေါက်သွားရသည်။ ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသင်္ဘောဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်းကုလား (ခေါ်တော)များ အစီးအများဆုံးဖြစ်၏။ ရခိုင်များအနည်းငယ်စီးကြ၏။ ကျွန်ုပ်သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်ကထွက်၍ တညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သင်္ဘောစီးသူတို့ သည် ကုန်းပတ်သို့ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညှိ့ဓာတ်ကို မပြတ်မစဲ စွဲမြဲ ကြည့်ရှု၍ ငေးမော နေသူနေ၊ တွေးတောနေသူနေရှိကြကုန်၏။ ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တခု၌ ကုလားလင်မယားနှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထိုကုလားမ သည် ဖြူစင်သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်...

မောင်ဘစီ(ဦးဖိုးကျား)

       ပညာဝန် ဦးဖိုးကျား ကျွန်ုပ်သည် အမျိုးသားပညာရေး အဖွဲချုပ်၌ အမှုထမ်းနေရာ လွန်ခဲ့သော ကိုးနှစ်ခန့်က ပုသိမ်မြို့ အမျိုးသားကျောင်းသို့ ခေတ္တကျောင်းအုပ်အဖြစ်ဖြင့် ဆောင်ရွက်ရန် အဖွဲ့ချုပ်က စေလွှတ်သည့်အတိုင်း သွားရောက်ဆောင်ရွက်ရ၏။ ထိုအခါ မှတ်သား ချီးမွမ်းဖွယ်ကောင်းသော ကျောင်းသားတစ်ယောက်ကို တွေ့ကြုံရ၏။ ထိုသူငယ်ကား မောင်ဘစီ ဆိုသူတည်း။ ပုသိမ် တလိုင်းချောင်းရပ်ရှိ ဦးလှ-ဒေါ်မြ တို့မှာ အတန်ကြွယ်ဝသော ကုန်သည်များဖြစ်ကြ၏။ ၎င်းတို့သား မောင်ဘစီသည် အမျိုးသားကျောင်း၌ ခုနှစ်ဆင့်အောင်လေသည်။ အောင်သည့်နှစ်၌ပင် ဖခင်ဦးလှ ဆုံးလေ၍လည်းကောင်း၊ ကြာရှည်စွာ အလုပ်ပျက် ငွေကုန်သည့် အပြင် လူလိမ်လူကောက် ခံရ၍လည်းကောင်း၊ ဒေါ်မြနှင့် မောင်ဘစီ သားအမိတို့မှာ အလွန်ဆင်းရဲစွာ ကျန်ရစ်ခဲ့လေ၏။ အမိမှာ ဖြစ်တတ်သမျှ မျက်နှာငယ်ငယ်နှင့် စျေးရောင်းရ၏။ သားအမိနှစ်ယောက် စားဖို့အပြင် အပိုမရချေ။ မောင်ဘစီကား သန်မာထွားကျိုင်း သတ္တိနှင့် ပြည့်စုံသူဖြစ်၍ မိမိစရိတ်နှင့် မိမိကျောင်းဆက်နေရန် ကြိတ်၍ ကြံစည်နေလေ၏။ နွေကျောင်းပိတ်၍ ကျောင်းဖွင့်ခါနီးတွင် ဆရာကြီးထံ သွားရောက်၍ အဖြစ်အပျက်ကိုပြောပြီးလျှင် ကျောင်းစရိတ်ရရန် အလုပ်တောင်းလေ၏။ မ...