Skip to main content

Posts

ဘဝရဲ.အကောင်းဆုံးအချိန်ကာလများ

အဲ.သည်နေ.က ဇွန်လ ၁၅ ရက်နေ. ၊နောက်နှစ်ရက် ဆိုလျှင် ကျွန်တော် အသက် (၃၀) ပြည်.တော.မည်။ ဘာလိုလိုနဲ. ဆယ်စုနှစ် အသစ်တစ်ခုထဲသို. ရောက်တော.မှာပါကလား။ ငါ.ဘဝရဲ. အကောင်းဆုံး အချိန်ကာလ တွေ ကုန်ဆုံးခဲ.ပြီလား။ အဲ.သည်လို အတွေးဖြင်. ကျွန်တော် ရင်လေးသွားမိသည်။ အဲ.သည်တုန်းက ကျွန်တော် နေ.စဉ်လုပ်လေ.ရှိသည်. အရာများထဲမှာ တစ်ခုက အလုပ် မသွားမီ အားကစားခန်းမ ထဲသွားပြီး လေ.ကျင်.ကစားခြင်းဖြစ်သည်။နေ.စဉ် နံနက်တိုင်း အားကစား ခန်းမရောက်လျှင် ကျွန်တော်.မိတ်ဆွေကြီး နစ်ကိုလတ်(စ) ကိုတွေ.ရစမြဲ ဖြစ်သည်။ နစ်ကိုလတ်(စ) ကအသက် ၇၉ နှစ် ရှိပြီ။ သို.သော် အရွယ်နှင်. မလိုက်အောင် ကျန်းမာသန်စွမ်း သည်။ အဲ.သည်နေ. နစ်ကိုလတ်(စ) ကိုနူတ်ဆတ်တော. ကျွန်တော် ခါတိုင်းလို သွက်သွက် လက်လက်မရှိတာ သူသတိပြုမိပြီး ဘာဖြစ်သလဲမေးသည်။ကျွန်တော် က အသက် ၃၀ ပြည်.တော.မည်.အကြောင်းနှင်. အဲ.သည်အတွက် စိုးရိမ်ပူပန်မိသည်. အကြောင်း ပြောပြသည် ။ အဲ.သည် လိုပြောရင်းက ၊အင်း ငါ နစ်ကိုလတ်(စ) အသက် လောက်များ ရောက်ရင် ဘယ်လိုခံစား ရမလဲ မသိဘူး ဟုတွေးမိကာ သူ.အားမေးခွန်းတစ်ခုမေးမိသည်။ "အဘ ဘဝမှာ ဘယ်အချိန်ကာ လ ဟာ အကောင်းဆုံး ကာလလို. ယူဆပါသလဲ " "မင်းက အတွေး အခေါ်ပါတဲ. မ...

နပိုလီယန်နှင်.သားမွှေးဆိုင်ရှင်

ဒေါသဖြင့်လည်း နောက်ကြောင်းပြန်မကြည့်နဲ့၊ ကြောက်စိတ်ဖြင့်လည်း ရှေ့ရေး မတွေးတောနဲ့၊ ပညာ သတိဖြင့်သာ ... ဝန်းကျင်ကို ရှုမြင်ပါ ... ( ဂျိမ်းစ်သာဗာ ) ရုရှပြည်ကြီးကို နပိုလီယန် ကျူးကျော်တိုက်ခိုက်စဉ်ကာလ ။ မြို့ ့ကလေးတစ်မြို့တွင်း စစ်ခင်းကြစဉ်နပိုလီယန်နှင်သူ့့့နောက်လိုက်ေနာက္ပါ တွေ အမှတ်မထင်လူစုကွဲသွားကြသည် ။ ရုရှ ကော့ဆက်စစ်သားတစ်စုက သူကိုမြင်သွားပြီးနောက်ကတရကြမ်းလိုက်ကြသည် ။ ကွေ့ကောက်သော လမ်းသေးလမ်းသွယ်များကြားအသက်ကိုလု၍ ပြေးလာခဲပြီးလမ်းမြှောင် တစ်ခုတည်းရှိသားမွေးထည်အရောင်ဆိုင်တစ်ဆိုင်တွင် အလစ်ဝင်ခိုသည် ။ ဆိုင်ရှင်ကို မြင်တော့ ... `` ကယ်စမ်းပါဦးဗျာ ၊ ကယ်စမ်းပါဦး ... ကျွန်တော်ဘယ်မှာ ပုန်းရမလည်း ´´ တောင်းပန်တိုးလျှိုးသော လေသံဖြင့် နပိုလီယန် အမောတကောမေးသည် ။ ဆိုင်ရှင်က `` အဲဒီထောင့်က သားမွေးပုံကြီးအောက် အမြန်ဝင် ´´ ဟုဆိုပြီးနောက် နပိုလီယန်အားအပေါ်မှသားမွေးတွေတစ်ထပ်ကြီးဖုံးပေးထားသည်။ဖုံးဖိ ပေးရုံရှိသေး ကော့ဆက်တွေ အခန်းထဲပြေးဝင်လာကြသည်။ `` ဘယ်မှာလဲဟေ့ ဒီဆိုင်ထဲပြေးဝင်သွားတာ ငါတို့ မြင်လိုက်တယ် ´´ ဆိုင်ရှင်ကငြင်းသည် ။ သို့သော် သူတောင်းပန်နေသည် ့ကြားကပင် ကော့ဆက်တွေ တစ်ဆိုင်လုံးဆွဲလွဲမွှေနောက်ကာနပိုလ...

စွယ်တော်ရွက်ကလေး

ရန်ကုန်စောစောအိမ်ပြတင်း ကို ဖွင့်ကြည့်လိုက်တာနဲ့ အိမ်ဦးမှာစိုက်ထားတဲ့ စွယ်တော်ပင်ကလေးကို မြင်ရတယ်။ ဒီစွယ်တော်ပင်ကလေးကို မြင်ရတိုင်း ကျွန်တော့်စိတ်က ကြည်နူးကျေနပ်ခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာ  ဒီစွယ်တော်ပင်ရဲ့ အရွက်လေးတွေက ကျွန်တော့်ရင်ကို ပူလောင်စေလိမ့်မယ်လို့ ကြိုတင်မသိခဲ့ပါဘူး။  ပြတင်းပေါက်က ကြည့် လိုက်တော့ စွယ်တော်ပင်ကလေး ရဲ့ မဟူရာအစိမ်းရောင်စွယ် တော်ရွက်ကလေးတွေ လေပြည် ထဲမှာ ယိမ်းကနေတာကြည့်လို့ သိပ်ကောင်းပါတယ်။ မနက်ခင်း နေခြည်အောက်မှာ စွယ်တော် ရွက်နုနုလေးတွေပေါ် နေရောင် ထိုးတော့ စိမ်းနုဝါလင်းလက်နေ တာကြည့်မဝပါဘူး။ စွယ်တော် ပင်ကလေးတောင်မှ အရွယ်တော် တော််ကြီးလာပြီ။ ဒီစွယ်တော်ပင် ကလေးနဲ့ ကျွန်တော်တို့ရဲ့ သမီး ကလေးတို့က သက်တူရွယ်တူမို့ ရှစ်နှစ်ရှိပြီပေါ့။ ကျွန်တော်တို့ရဲ့ သမီးလေး နာမည်က ‘ခိုင်စံပယ်ဝေ’ တဲ့။ ကျွန် တော်ရဲ့ တစ်ဦးတည်းသောသမီး လေး။ ကျွန်တော်တို့မိသားစုရဲ့ အသည်းကျော်သမီးလေးပါ။ ခိုင် စံပယ်ဝေကို ကျွန်တော်ရော ကျွန် တော့်ချစ်ဇနီးကပါ တုန်နေအောင်  ချစ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက် ရောင်ခြည်လေး ပေါ့။ သမီးလေးကိုခိုင်စံပယ်ဝေဆိုတဲ့ နာမည်ပေးဖြစ်တာကလည်း အကြေ...

အရှေ့နှင့် အနောက် - ဂျာနယ်ကျော်မမလေး

နေရောင်သည် လင်းဝါလာကာ ရွှေခြည်ဖြင့် လမ်းပေါ်သို့ ဖြန်းပက်ထားသည်။ ဘောက်ထော် လမ်းပေါ်ရှိ ချိုင့်ခွက်များကား နေရောင်တွင်မည်းနေကာ အရုပ်ဆိုးစွာ ဟောက်ပက်နေကြ သည်။ လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ဘတ်(စ်)ကားများသည် စက်ရှိန် သတ်လျက် ချိုင့်ကြီးများတွင် ဘီးနစ်ကာတနဲ့နဲ့ လှိမ့်မောင်းဖြတ်ကျော်နေကြသည်။ ချိုင့်ထဲသို့ ဘီးကျ၍ဝုန်းဒိုင်းနှင့် သွက်သွက်ခါယမ်းသွားသော အသံဗလံများထွက်ပေါ် ဆူညံနေပေသည်။ ကျွန်မတို့နေထိုင်သော ဘောက်ထော်အရပ်ရှိ မြေလမ်းကား တစ်ခေါက်ရောက်ဖူးသူတိုင်း ဖိန့်ဖိန့်တုန်ကြသည်။ ကားပေါ်၌ အသည်းနှလုံး ပြုတ်ကျမလောက် ဆောင့်လျှက် လမ်းတစ်လျှောက်လုံး မောင်းသွားကြသော ဘတ်(စ်)ကားများမှာ လမ်းပေါ်တွင် ဦးစိုက် ပဲ့ထောင် ဖြစ်နေကြသည်။ ကုန်းပေါ်တွင်ကြီးသော လှိုင်းကား ရေလှိုင်းထက် ဆိုးပေသတည်း။ အင်းစိန်ပိုုင် အထိမ်းအမှတ် ဘောက်ထော်မြေနီလမ်း ဆုံနှင့် ရန်ကုန်ပိုင် ကတ္တရာလမ်းစပ်မှာ ခရီးဘယ်လောက်မှမဝေးဘဲ ကားများသည် နာရီဝက်ခန့်နီးနီး ကြာအောင် ချိုင့်ထဲတွင် တဖြည်းဖြည်းလှိမ့်ကာ သွားနေကြရသည်။ ကျွန်မ၏ကားသည်လမ်းပေါ်တွင် တရွေ့ရွေ့ ယိမ်းထိုးလှုပ်ကာ မောင်းနှင်နေလေသည်။ လမ်းဆိုးခြင်းသည် ကျွန်မ၏အတွေးကို ငြိမ်ငြိမ်သက်သက်မရှိအော...

နံရံ၏ အခြားတစ်ဘက် - ဂျူး အပိုင်း - ၁၆(ဇာတ်သိမ်းပိုင်း)

အခန်း(၁၇) ဆရာဝန်သည် ဝရန်တာ ထောင့်ချိုးတွင် ခွေလျော့စွာ ရပ်နေသော သူ့ဇနီးသည်ကို အားမလို အားမရ စူးစိုက်ကြည့်လျက်ရှိသည်။ သီ ခေါင်းမာမှန်း သူ သိသော်လည်း သူမ၏ကျန်းမာရေး အခြေအနေကို အလောင်းအစား လုပ်ရလောက်အောင် ခေါင်းမာလိမ့်မည်ဟု မထင်ခဲ့ပေ။ ဦးနှောက်ထဲမှ မူမမှန်သော ကျူမာလုံးကြီးကို တတ်နိုင်သမျှ ခွဲထုတ်ပြီး ဖြစ်သော်လည်း တစ်ဝက်လောက် ကျန်နေသေးကြောင်း သူ ဘယ်လိုပြောပြရမည်နည်း။ သီ၏ညိုစိမ့်စိမ့် အသားအရေသည် ယခုအခါ ပိုမိုခြောက်သွေ့ ညိုမောင်းလျက်ရှိသည်။ ပါးပြင်များ၏ တင်းရင်းမှုသည် တဖြည်းဖြည်းချင်း လျော့နည်းလာကာ အခုအချိန်မှာတော့ အရိုးပေါ်မှာ တင်ထားသော အရေပြားသာ ဖြစ်တော့သည်။ ရှည်လျားသော နှာခေါင်းက ပို၍ချွန်ကာ သေးသွားသည်။ ဟိုတုန်းကနှင့် မကွာခြားသော အရာအဖြစ် သီခန္ဓာကိုယ်ပေါ်မှာ မျက်လုံးသာ ကျန်ခဲ့တော့သည်။ မျက်လုံးများကတော့ ယခင်ကလို ကြည်လင်တောက်ပမြဲ အေးစက်မြဲဖြစ်သည်။ ထိုမျက်လုံးများကြောင့်ပင် မန္တလေးသို့ပြန်ဖို့ ဆုံးဖြတ်ချက် ချနိုင်ခြင်း ဖြစ်မည်ဟု သူထင်သည်။ ''သီ့အိမ်မှာ သီ့ကို ပြုစုမယ့်သူ ဘယ်သူရှိလို့လဲ၊ ရောဂါဒဏ်ကို အလူးအလဲ ခံရတဲ့အခါ သီ့ကို ဘယ်ဆရာဝန်က အရေးပေါ် ပြုစုပေးနိုင်မလဲ၊ သီ ခေါင်းမမာပါနဲ့၊ ကိုယ့်...

နံရံ၏ အခြားတစ်ဘက် - ဂျူး အပိုင်း - ၁၅

အခန်း(၁၅) ''ပျော်ရွှင်မှုထက် ပိုပြီးအရေးကြီးတာကတော့ မြင့်မြတ်မှုပဲတဲ့၊ အဲဒီစကားကို သီကိုယ်တိုင် ပြောခဲ့တယ်၊ ဒီစကားကို သီပြောတုန်းက ကိုယ်နားမလည်ခဲ့ဘူး၊ အခု ကိုယ်ပြောရမယ့် အလှည့် ဖြစ်နေပြန်ပြီ၊ လောကကြီးက မဆန်းဘူးလား သီ'' သီ သူ့ကို ငေးမောနေခဲ့သည်။ ''ထားပါတော့၊ ဒါက နှောင်းခင်ဇော်နဲ့အောင်စည် နှစ်ဦးတည်းရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာအဖြစ်ပဲ ထားလိုက်ပါတော့၊ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်ရဲ့အပြင်မှာ လူတွေ အများကြီး ရှိသေးတယ်၊ အဲဒီအပြင်ဘက်က လူသားတွေအနေနဲ့ ကြည့်ပြန်တော့ စိတ်ကုဆရာဝန်တစ်ယောက်နဲ့ သူ့လူနာတစ်ယောက် လက်ထပ်တဲ့အဖြစ်ဟာ လှပပေမယ့် မကောင်းဘူး၊ မဖြစ်သင့်ဘူး၊ ဆန့်ကျင်ဘက်လိင် စိတ်ကုဆရာဝန်တစ်ယောက်ဆီ ဆန့်ကျင်ဘက်လိင် လူနာတစ်ယောက် လာတဲ့အခါ ဆရာဝန်အပေါ်မှာ လုံးဝယုံကြည် အားကိုးဖို့ လိုတယ်၊ စိတ်ကိုကုမယ့် ဆရာဝန်ဟာ ကိုယ်တိုင်က ဖြူစင်အပြစ်ကင်းနေရင် ပိုကောင်းမယ်၊ သာမန်ဆရာဝန်နဲ့ သူ့လူနာ ဆက်ဆံရေးဟာ သာမန်ပဲ သီရဲ့၊ ဒါပေမဲ့ စိတ်ကုဆရာဝန်နဲ့ သူ့လူနာရဲ့ ဆက်ဆံရေးကတော့ သိပ်အရေးကြီးတယ်၊ စိတ်ဝေဒနာသည်တစ်ယောက် သူ့ဆရာဝန်ကို ယုံကြည်ကိုးစားဖို့က သိပ်ကိုအရေးကြီးပါတယ်၊ စိတ်ကုဆရာဝန်အပေါ် လုံးဝစိတ်ချဖို့ ပိုပြီး ...

နံရံ၏ အခြားတစ်ဘက် - ဂျူး အပိုင်း - ၁၄

အခန်း(၁၄) မန္တလေးစိတ်ရောဂါကုဆေးရုံမှာ မောင်နှင့်သီ စတွေ့ကြတော့ မောင်က အလုပ်သင်ဆရာဝန်၊ သီက စိတ်ပညာ နောက်ဆုံးနှစ် ကျောင်းသူ။ မောင့်မျက်လုံးများကို သီ အလွန်သဘောကျခဲ့သည်။ မောင့်မျက်လုံးက ယောကျ်ားတစ်ယောက်၏ မျက်လုံးများ မဟုတ်ဘဲ ဆရာဝန်တစ်ယောက်၏ မျက်လုံးများ ဖြစ်သည်။ နူးည့ံသိမ်မွေ့သော၊ အာရုံစူးစိုက်သော မျက်လုံးများ ဖြစ်သည်။ သီတို့ စိတ်ပညာ နောက်ဆုံးနှစ် ကျောင်းသားအဖွဲ့ကို စိတ်ရောဂါ လူနာများဖြင့် ပြသ၍ ဆရာဝန်က လက်တွေ့ရှင်းလင်း သင်ကြားရာတွင် မောင်က လက်ထောက်အဖြစ် ကူညီရသည်။ မှတ်မှတ်ရရ ကွန်ဗားရှင်း ဟစ်စ်တီးရီးယားဟု ခေါ်နိုင်သည့် စိတ်ဝေဒနာကြောင့် လက်တစ်ဖက် အကြောသေသွားသည့် မိန်းကလေးတစ်ယောက်၊ ညစဉ် လူခြေတိတ် အိပ်မောကျနေချိန်တွင် နှဲကြီး ထထမှုတ်လေ့ရှိသည့် စိတ်စွဲဝေဒနာသည် ကောင်လေးတစ်ယောက်၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့သည့် စိတ်ဝေဒနာသည် အဘွားကြီး တစ်ယောက်၊ မိမိ၏သားကို မိမိကိုယ်တိုင် ပြန်သတ်ခဲ့သော စိတ်ကျဝေဒနာသည် မိန်းမတစ်ယောက်...။ ထိုမိန်းမကို လျှပ်စစ်ကုထုံးဖြင့် ကုတာကို ကြည့်ရသေး၏။ မောင်က လူနာအမျိုးသမီးကို ခုတင်ပေါ်တွင် ပက်လက်လဲလျောင်းစေပြီး နားထင်နှစ်ဖက်တွင် လျှပ်စစ်ကုထုံးကိရိယာ၏ အီလက်ထရုတ်များ တပ်ပ...