Skip to main content

Posts

သရက်သီးကောက်ရာသီ

ငယ်စဉ်ဘဝအကြောင်းလေးတွေ ပြန်တွေးမိတိုင်း အတွေးထဲဝင်လာလေ့ရှိသည်မှာ ကျေးလက်တောရွာ၌ နေခဲ့စဉ်က အကြောင်းလေးတွေပဲ ဖြစ်သည်။ မြို့ပေါ်မှာမွေး၊ မြို့ပေါ်မှာ ကြီးပြင်းခဲ့သော်လည်း ဆွေမျိုးတွေရှိသည့် တောရွာကလေးကို ကျွန်တော်ခင်တွယ်လွန်းပါသည်။ နွေရာသီ ကျောင်းပိတ်ရက်တိုင်း နှစ်စဉ်သွားလည်ဖြစ်ခဲ့သည်။ ကျွန်တော့်မေမေ တစ်ယောက်သာ အိမ်ထောင်ကျပြီးမြို့ကို ရောက်လာခဲ့သော်လည်း မေမေ၏ ဆွေမျိုးများအားလုံးကကျေးလက်တောရွာတွင်သာ နေထိုင်ကြသည်။ ဆုံးပါးသွားသည့် အဖိုးက လွဲလျှင် အဖွား ၊ ဦးလေးနှစ်ယောက် နှင့် ဒေါ်လေးတို့ မိသားစုရှိနေကြသည်။ ဒါက ဆွေမျိုးအရင်းအချာကြီးတွေ။ တွံတေးတူးမြောင်းအလွန်တွင်ရှိသော ကရင်ချောင်းအစမှသည် တွံတေးတောကြီးတန်းရွာအထိ ချောင်းရိုး အတိုင်း တည်ထားသော ရွာစဉ်တစ်လျှောက်တွင် အဖိုးလေး၊ အဖွားလေးနှင့် ဦးလေး၊ အဒေါ်တစ်ဝမ်းကွဲတွေ ၊ ညီအကို နှစ်ဝမ်းကွဲ သုံးဝမ်းကွဲစသည့် ဆွေမျိုးတို့က များပြားလှသည်။ မော်တော်က တွံတေးတူးမြောင်းကို ဖြတ်သန်းပြီးသည်နှင့် ကရင်ချောင်းထဲသို့ဝင်လာပြီ။ ကျွန်တော်က မော်တော်ပေါ်ကနေ ကရင်ချောင်း အဝင်ဝမှစ၍ ချောင်းကမ်းနဖူး အိမ်များကို ကြည့်ငေးသွားသည်။ ရေချိုးဆင်းနေသည့် ဆွေမျိုးများ၊ အိမ်ပြ...

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၇)

ဗိုလ်သူရိန်သည် အရှိန်မပြေသေးဘဲ နီးစပ်ရာ တီးတိုးတိုင်ပင်ထလာကြသော ဗိုလ်မင်းတပ်မင်းတို့ကြားမှ တိုးထွက်ကာ လှေကားမှအလျှင်အမြန်ပြေးဆင်း၍ ဝင်းအတွင်း၌ တွေ့လိုသူအားရှာသည်။ အခန့်သင့်ပင် ခြံဝင်းအနီးတွင် တစ်ဦးတည်း ရပ်နေသော ဗိုလ်ကျော်ခေါင်အား သွားတွေ့သည်။ ဗိုလ်သူရိန်သည် ဝဲဘက်တွင် လွယ်ထားသော ဓားရှည်လက်ကိုင်ပေါ်ယာလက်တင်လျက်ဗိုလ်ကျော်ခေါင်၏ ရှေ့တွင်မားမားရပ်လိုက်သည်။ “ဘာကိစ္စလဲ” “မေးဖို့လိုသေးလား” ဗိုလ်ကျော်ခေါင်က ဗိုလ်သူရိန်၏မျက်လုံးများဆီမှ ဆုပ်ကိုင်ထားသောဓားရိုးဆီပြောင်းကြည့်လိုက်၏။ “သြော် ဒီလိုလား စိန်လိုက်” “အချိန်” “ဒီည တစ်ချက်တီး” “နေရာ ” “လယ်စားမင်းဝင်း အနောက်ထောင့်” “လက်နက်” “ဓား” “ကောင်းပြီ” ထိုအချိန်တွင် အိမ်တော်တက်ဗိုလ်များမှာ ဆင်းလာခဲ့ပြီဖြစ်သဖြင့် ဗိုလ်သူရိန်သည်နေရာမှ လျှင်မြန်စွာ ထွက်ခွာသွားသည်။ ကျန်ရစ်သူ ဗိုလ်ကျော်ခေါင်မှာ မိမိ၏ပခုံးထက်လက်တစ်ဖက်လာတင်သည်ကို ခံလိုက်ရသဖြင့် ထိတ်လန့်တကြား လှည့်ကြည့်သည်။ ဝန်စာရေး ဦးသာဖြိုး ပင်ဖြစ်သည်။ “ဘယ့်နှယ် ဗိုလ်ကျော်ခေါင် စာရင်းရှင်းကြမှာကလဲ မြန်လှချည်လား”  ဗိုလ်ကျော်ခေါင်မှာ မျက်နှာပျက်သွား၍ “အို ဘာလဲ မဟုတ်ပါဘူး” ဟု ငြင်းသည်။ “မစိုးရိမ်ပါနဲ့ ဗိုလ...

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၆)

အထက်ပါ အဖြစ်အပျက်များ ဖြစ်နေသော နံနက်တွင်ပင် ရတနာပုံမြို့တွင်း ရွှေနန်းတော်ကြီး၏ အရှေ့ဘက်ရှိနန်းတွင်းစျေးဆီမှ နုထွားပျိုရွယ်သော စစ်ဗိုလ်ကလေးတစ်ဦးနှင့် ချောမောသမျှ ယဉ်ကျေးသိမ်မွေ့သော မိန်းမပျိုတစ်ဦးတို့သည်တစ်ဦးနှင့်တစ်ဦး သုံးတောင်ခန့်ခွာ၍ ယှဉ်တွဲလျှောက်လာကြသည်။ စျေးစည်ချိန်ဖြစ်သဖြင့် နန်းတွင်းအပျိုတော်များ၊ မှူးမတ်အရာရှိကြီးများ၏ သားသမီးများတို့အပြင်အား လပ်ခိုက်ကာလသားဘာဝ လူရေးပြရင်း ရောက်လာကြသူ စစ်ဗိုလ်၊ စစ်သား၊ လက်သုံးတော်၊ အဆောင်ကိုင်၊ လက်ဖက်ရည်တော်သား စသော လုလင်များလည်း ရှိနေကြရာအသီးအသီး မိမိတို့ဆိုင်ရာ အတွဲကိုယ်စီနှင့် မိသား ဖသားပီပီ ဣနြေ္ဒမပျက် စကားပြောသူပြော၊ လမ်းလျှောက်သူလျှောက်လုပ်နေကြသောကြောင့်အဆိုပါစုံတွဲမှာ မည်သို့မျှ ထူးဆန်းလှသည်မဟုတ်ဟု ထင်စရာရှိသည်။ ရွှေနန်းတော်တစ်ဝိုက်မြက်ခင်းများမှာ စိမ်းလန်းသန့်စင်လျက်ရှိသည့်ပြင်ခိုတွဲနေသော နှင်းရည်ဥများ သည်လည်း မိုးနှောင်းရက်နေအောက်တွင်ပြိုးပြိုးပြက်ပြက်ဝင်းလက်လျက်ရှိသောကြောင့်နံနက်ခင်းမှာ အထူးသာယာလှသည်။ အဝေးဝယ် ဝိုင်းခဝန်းရံ ပေါက်လျက်ရှိသော မြသားအသွင် အုံ့ဆိုင်းဝေစည်လှသည့် မန်ကျည်းပင် ကြီးများ၏ ထိပ်အားကျော်လွန်၍ မိုးသို့မြင့်မား ငွားစ ...

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၅)

ရတနာပုံနေပြည်တော်၏ အနောက်ဘက် မြစ်ကမ်းအနီးတစ်ဝိုက်မှာကုလားမြို့အမည်ရနေ၍ နိုင်ငံခြားသားပေါင်းစုံနှင့် ပြည့်နှက်နေသည်။ဤတစ်ဝိုက်တွင်အင်္ဂလိပ်၊ ပြင်သစ်၊ အီတာလျံ၊ အာမေးနီးယန်းစသောမျက်နှာဖြူတို့အပြင် တရုတ်၊ ကုလား၊ မူစလင်၊ စူရတီစသော အရှေ့တိုင်းသားများလည်း ရှိသည်။ တရုတ်၊ ကုလားတို့မှာ အများအားဖြင့်အင်္ဂလိပ်လက်အောက်ခံ ကျေးတော်မျိုး၊ ကျွန်တော်မျိုးများ ဖြစ်ကြ၍မြန်မာမင်းအား လိုလားကြသူတို့မဟုတ် အင်္ဂလိပ်မင်း၏ အလံတော်အစောင့်အရှောက်ကို ခံယူထားကြသူများပီပီ မြန်မာမင်းအားလည်းရိုသေခံ့ညားကြသူများ မဟုတ်ချေ။ မြို့နန်းတည်သည့်အချိန်မှာ အောက်မြန်မာပြည်အား အင်္ဂလိပ်ကသိမ်းပိုက်ပြီးဖြစ်သဖြင့် ၁၈၈၅ ခု၌ ရတနာပုံမြို့တော်ကြီးမှာ အဆောက်အအုံများဖြင့် ရွှေနန်းတော်၊ ရွှေကျောင်းတော်စသည့် မှန်ကင်းဘုရင်ပန်းကနုတ် ဆင်အပ်သော အဆောက်အအုံကောင်းများနှင့် အမြင်နုပ်သမျှ အထည်လည်းစုတ်လှသည့် တဲကုပ်တို့ ရောနှောနေသည့်နည်းတူမှူးကြီးမတ်ရာ သေနာပတိ သူဌေးသူကြွယ်တို့ ပေါသည်နှင့်အမျှ အောက်မြန်မာပြည်မှ သင်္ဘောသား၊ စစ်ပြေး၊ အကြွေးရန်မှ ရှောငလာသူ၊ ဝရန်းပြေး၊ နိုင်ငံခြားသူလျှို၊ လူလိမ်လူကောက်၊ အာဏာရမှူးမတ်တို့၏ အလိုတော်ရီလက်ပါးစေ၊ ထင်တိုင်းကြဲ လူသရမ...

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၄)

ဗိုလ်သူရိန်မှာမူ မြစ်လယ်တွင် ဆိုက်ထားသော ကွမ်မိုတို ဦးစီးသည့်မြန်မာစစ်သင်္ဘောကြီးအား ငေးကြည့် လျက် ကျန်ရစ်သည်။ လူမှာငြိမ်နေသော်လည်း စိတ်မှာမူ အရောင်ကင်းမဲ့စ မိုးပြင်ဆီ တလူလူတက်နေသော သင်္ဘောမှမီးခိုးများနှင့်အတူလွင့်ပါးနေသည်။ ကွမ်မိုတိုက မည်မျှပင်အုပ်ဆိုင်း၍ ဝေဖန်သွားသော်လည်း ၎င်းဝေဖန်ချက်များမှာ လက်ရှိနိုင်ငံတော်၌ဖြစ်ပျက်နေသည်များနှင့် ပတ်သတ်၍သွေးထွက်အောင်မှန်နေမှန်း မိမိအသိဆုံး ဖြစ်လေသည်။ ဗိုလ်သူရိန်သည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး ခံတပ်ပေါ်မှဆင်းခဲ့၍ခံတပ်မြေပြင်သို့ ရောက်ခ ဲ့၏။ အစ သော် တွေးတောရင်းလမ်းလျှောက်ဦးမည် စိတ်ကူးသည်။ သို့ရာတွင် ရှေ့တူရူလမ်းမဆီမှဖုန်တစ်ထောင်းထောင်းနှင့် မြင်းသုံးစီး ခံတပ်ရှိရာ ဦးတည်စိုင်းနှင်လာသည်ကိုတွေ့ရသဖြင့်စိတ်ကူးကို ရပ်လိုက်သည်။ မြင်းသုံးစီးသည် ဗိုလ်သူရိန်၏ရှေ့တွင် ထိုးရပ်လိုက်သည်။ ရှေ့ဆုံးမှဦးဆောင်ဆင်းလာသူအား မြင်လိုက် လျှင်မြင်လိုက်ချင်း အံ့သြခြင်းတစ်ဝက်နှင့်လှမ်းနှုတ်ဆက်လိုက်သည်။ “သြော်... ဗိုလ်မင်းထင်...” “ဟုတ်တယ် ဗိုလ်မှူး... အရေးကြီးလို့ ပြေးလာတာ... တွေ့မှတွေ့ပါ့မလားလို့...” ဗိုလ်မင်းထင်သည် မြင်းဇက်ကြိုးအား တပ်တွင်းမှထွက်လာသောတပ်သားတစ်ဦး၏ လက်တွင်း...