Skip to main content

Posts

ဘွဲ့ရနှင့် ငါးစိမ်းသည်

  ငါးကြော်လေးစားချင်လာသဖြင့် ဈေးထဲကို ငါးဝယ်ရန်ရောက်လာသည်။ ကျွန်တော် ဝယ်နေကျ ငါးဆိုင်ရှိသည်။ ငါးကြင်းတစ်မျိုးတည်းရောင်းပြီး ဖော်ရွေသည်။ ဝယ်သူအကြိုက် မညည်းမညူ လုပ်ပေးလေ့ရှိ သည်။ ငါးရောင်းသူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။ ငါးစိမ်းသည်ဆိုသည်မှာ စွာတာတာ၊ ကက်ကက်လန်၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော်ငါးဝယ်သည့်ဆိုင်မှ “မရွှေ” ကိုခေါ်ပြချင်ပါသည်။ “ဦးလေး မရောက်တာကြာပြီ … ဘာလဲ ဆိုင်ဟင်းကိုမုန်းလို့ ရောက်လာတာလား” “မဟုတ်ပါဘူး … ခရီးထွက်တာတွေ များနေလို့” “ငါးကြင်းဖြူ ဗိုက်သားလေးနဲ့တွဲထားတဲ့အပိုင်း ချိန်လိုက်မယ်နော်” “အစိတ်သားလောက်ပဲနော်” “၃၅ ကျပ်သားရှိတယ် ဦးလေးရယ် … ၃၀ သားဖိုးပဲပေး” “အေး … အေး ခုတ်လိုက်” ငါးဝယ်လျှင်အပိုဆောင်းအဖြစ် ကြော်နိုင်သည့် အတုံးလောက်ဖြစ်စေရန် ခုတ်ထစ်ပေးသည်။ အကြေးထိုးပေး သည်။ ရေဆေးပေးသည်။ အိမ်ရောက်လျှင်တန်းကြော်ရုံသာဖြစ်သည်။ ငါးဝယ်ပြီးနောက် ငါးဆိုင်ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်ထိုင်သည်။ ထိုဆိုင်တွင် ခေါက်ဆွဲသုပ်ကောင်း သည်။ အကြော်လည်းရသည်။ ခေါက်ဆွဲသုပ်မှာပြီး ရေနွေးကြမ်းသောက်နေစဉ် မရွှေဆိုင်ကို အမျိုးသမီးကြီး တစ်ယောက် ဝင်လာသည်။ သူ့နောက်တွင် ဆွဲခြင်းဆွဲသော က...

● ကော်ဖီဆိုင် _ငြိမ်းအေးအိမ်

မိုးမခ ၂၀၁၈ သြဂုတ်လထုတ် အက်ဆေးဖြစ်သည်။ (၁) ညစ်ညူးနေသည့်စိတ်အစဉ်ကို အကြောလျှော့ဖို့သော်လည်းကောင်း၊ နှစ်သက်စွာ မွေ့လျော် နေထိုင်ခြင်းတစ်ခုကို မွေးမြူဖို့ သော်လည်းကောင်း ကျွန်တော့်အတွက် နို့မပါ၊ သကြားမပါသော ကော်ဖီစစ်စစ် တစ်ခွက်လိုသည်။ ထိုကော်ဖီသည် မပူလွန်း မအေးလွန်းသော အခြေအနေတစ်ခု ဖြစ်နေဖို့လည်း လိုပြန်သည်။ တစ်ခွက်ဟူသော စကားလုံး နေရာတွင် တစ်နေ့တာလုံးအတွက် တစ်အိုးဟု ပြင်ဆင်ရလျှင်ပိုမှန်မည်။ ကျွန်တော် တစ်နေ့ကို ကော်ဖီတစ်အိုး သောက်ပါသည်။ ကော်ဖီက ပေးသော နှိုင်းတုမဲ့ ရနံ့ကို အချိန်တိုင်း ကျွန်တော်သတိရနေတတ်သည်။ ယခင်ကဆို ကျွန်တော့်ရုံးခန်းလေးထဲတွင် ကော်ဖီနှပ်အိုးတစ်အိုးဖြင့် နှပ်ထားသော ကော်ဖီကို ရုံးတက်ချိန်တစ်ချိန်လုံး သောက်သုံးနေလေ့ရှိသည်။ ကျွန်တော့်ရုံးခန်းကျဉ်းလေးထဲလာရောက် သော ဧည့်သည်တို့သည် ခင်ဗျားရုံးခန်းက ကော်ဖီဆိုင်လေးလိုပဲဟု ပြောစမှတ်ပြုကြသည်။ ဖုန်တစ်စမကျန်အောင်ရှင်းလင်းထားသော၊ မှန်သားစားပွဲသေးသေးတစ်လုံးပေါ်တွင်တော့ ပလပ်ထိုးထားပြီး အမြဲပူနွေးနေ သော ကော်ဖီနှပ် စက်ကလေးနှင့် ဖန်သားပန်အိုးလေး တစ်လုံးရှိ သည်။ ပန်းတစ်ပွင့်နှစ်ပွင့်၊ တစ်ခါတရံစံပယ်များ၊ ရာသီချိန် တွင် ပန်းပိတောက်မ...

ပုလင်းချစ်သူ

“ဒီ အရက်ဟာ မကောင်းပါဘူးကွာ” ဟု သူက ရေရွတ် လိုက်သည်။ ထိုအခါ ဆိုင်ရှင်က ကြားသွားပြီး ... “ဒီအရက်ဟာ ဆိုင်က ထုတ်ပေးတဲ့ အတိုင်းပါပဲဗျာ ၊ ကျွန်တော် ဘယ်တော့မှ အကြံအဖန် မလုပ်တတ်ဘူး ဆိုတာ အစ်ကိုကြီး သိပါတယ်၊ အမြဲ သောက်နေကြပဲ မဟုတ်လား” သူက ဟာ ... ဟာ ... ဆိုလုပ်၍ လက်ကာပြသည်။ “ခင်ဗျားဆိုင် အရက်ကို မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး၊ အရက်ဟာ ကျုပ်ကို ကောင်းကျိုး မပေးဘူးလို့ ပြောတာပါ” “ကောင်းကျိုး မပေးရင် မသောက်နဲ့ပေါ့ဗျာ” ဟူ၍တော့ ပိုင်ရှင်ကဖြင့် ပြောလို့ မဖြစ်ချေ။ အရက် ရောင်းနေသူ တစ်ယောက်က အရက် ဆန့်ကျင်ရေး စကားကို ပြောနေလျှင် “မိမိ ရောင်းကုန် ပစ္စည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော စကားမျိုး မပြောမိပါစေနှင့်” ဆိုသော ခေတ်သစ် ရောင်းဝယ်ရေး ဗျူဟာ သဘောတရားကို ဖောက်ဖျက်ရာ ကျမည် မဟုတ်လား။ ထို့ကြောင့် ဘာမှ ထပ်မပြောဘဲ ခပ်မဆိတ် နေလိုက်၏။ သောက်သုံးသူ ပုဂ္ဂိုလ်ကတော့ ဆက်၍ ... “ကျုပ် ဘာကြောင့် အရက်ကို စွဲစွဲမြဲမြဲ သောက်ဖြစ်နေတာလဲ သိလား” ဟု မေးသည်။ ဆိုင်ရှင်၏ စိတ်ထဲတွင် “သွားပြီ၊ ဒီညတော့ ငါ ခံရပြီ” ဟု တွေးရင်း စိတ်ညစ်သွား၏။ လုပ်သက် ရင့်နေသော ဆိုင်ရှင်တစ်ယောက် အနေဖြင့် အရက်သမား အမျိုးမျိုး အကြောင်းကို ကေ...

ဒေါင့်ကြီးပွဲမှာလေ

တထောင့်ကိုးရာ ဘယ်နှခုနှစ်မှန်းတော့မသိ။ ဧရာဝတီတိုင်း ဒေါင့်ကြီးဆိုသောရွာကြီးတွင် ဂီတဖျော်ဖြေပွဲတခု ကျွန်တော် သွားရောက်ရပါသည်။ အဖွဲ့ခေါင်းဆောင်မှာ စန္ဒရားထိပ်တင်ဝင်း ဖြစ်ပါသည်။ အတူ ပါဝင်ကြသူများထဲတွင် ကျွန်တော်မှတ်မိသလောက် လွှမ်းမိုး၊ ဂျက်မြသောင်း၊ ကြည်သာ၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ ကော်နီ တို့ဖြစ်ကြပါသည်။ ရွာကြီးဆိုသော်လည်း တရွာလုံး တော်တော် ချမ်းသာကြပုံရသည်။ ကျွန်တော်တို့ အဖွဲ့ကို မင်္ဂလာဆောင်ရှင်က ကိုယ်ပိုင်မော်တော်ဖြင့် လာကြိုသည်။ မော်တော်ပေါ်တွင် ထူးထူးခြားခြား ဆိုရမလား၊ ကျွန်တော်နှင့် တိုက်ရိုက်ပက်သက်နေသော ပစ္စည်းဟု ဆိုရမလားမသိ၊ ဘီယာ ပုလင်းတွေ ကတ်လိုက်၊ အထပ်လိုက်၊ ရမ်ပုလင်းတွေ ကတ်လိုက်၊ အထပ်လိုက်၊ ပြူးတူးပြဲတဲ ပါလာသည်ကို စတင်သတိထားလိုက်မိသည်။ သည်ကတည်းက မော်တော် ထွက်ပြီဟေ့ဆိုသည်နှင့် တခြား အဖွဲ့ သား တွေတော့ မသိ၊ သုမောင် တယောက်ကတော့ ဇာတ်လမ်းစပြီဆိုတာကို စာဖတ်သူ သိလောက်ပါပြီ။ (ကျွန်တော့် ပုဂ္ဂိုလ်များလည်း သောက်နေကြတာပါပဲ) သို့ သော် သုမောင်လောက်တော့ဖြင့် ဘယ်သူမျှ လက်သံပြောင်လိမ့်မည်မထင်။ ရန်ကုန်မှ ဒေါင့်ကြီးသို့ တနေ့ခရီး သွားရပါသည်။ ရန်ကုန်မှထွက်စ ပျော်ပျော်ပါးပါး သီချင်းတွေ ဆ...

ဘာဘာယာဂါ

ရုရှားရိုးရာ ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်နော်။ ဒီပုံပြင်ထဲမှာ တောအုပ် ထဲက ထူးဆန်းတဲ့ ဘာဘာယာဂါ လို့ ခေါ်တဲ့ အဘွားကြီးပုံစံ သတ္တဝါ တစ်ယောက် ပါတယ်။ သူက သူ့မျိုးနွယ်စုထဲမှာ နောက်ဆုံး လက်ကျန်ပေါ့လေ။ ဘာဘာယာဂါ ဟာ ဒဏ္ဍာရီပုံပြင်တွေထဲက ထူးဆန်းတဲ့ သတ္တဝါမျိုးနွယ်ဝင်ပါ။ တောအုပ်ထဲက သတ္တဝါဆန်းပေါ့။ တောသတ္တဝါ မကောင်းဆိုးဝါး စုန်းမကြီးလို့ အများက သတ်မှတ်ကြတယ်။ သူဟာ တောအုပ်ကြီးကို တစ်ယောက်တည်း ကြီးစိုးနေရတဲ့ တောဘုရင်မ ဆိုလည်း မမှားဘူး။ တစ်ယောက်တည်း နေထိုင် စားသောက်တယ်။ သူ့အကြောင်းပြောကြတဲ့ ဇာတ်လမ်းပုံပြင်တွေကြောင့် သူ့ရဲ့ အထီးကျန်မှုဟာ ပိုပြီး ခါးသည်းစရာ ကောင်းလာခဲ့တယ်လေ။ ကြောက်စရာကောင်းတဲ့ ကြမ်းတမ်းတဲ့ ဘာဘာယာဂါ ဘီလူးမကြီး ဆိုပြီး ပြောကြတဲ့ ပုံပြင်တွေကြောင့်ပေါ့။  ဒါကြောင့်လည်း ဘာဘာယာဂါ အဘွားကြီးဟာ အနီးအနား ရွာကလေးတွေက လူသားတွေ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတာ အဝေးတနေရာကနေ ဘယ်သူမှ မမြင်အောင် ချောင်းကြည့် နေရတာပေါ့။ လူတွေ အတူတကွ ပျော်ရွှင်စွာ စကားပြောနေကြတာ၊ အလုပ်အကိုင်တွေ ဆောင်ရွက်နေကြတာ၊ လက်ထပ်မင်္ဂလာပွဲလို အခမ်းအနားတွေ ပြုလုပ်နေကြတာကို တိတ်တဆိတ်ပဲ သူဟာ ငေးမောနေလေ့ရှိပါတယ်။...

တောဆေး တောင်ဆေး မုဆိုးဆေး

တောဆေး တောင်ဆေး မုဆိုးဆေး မနက်ခင်း ထောင်ဖွင့် လူပေါင်းစာရင်းယူပြီးနောက် မနက်စာ စားနေစဉ် မုဆိုးကျော်ထွား တောကောင်ထမ်း၍ တောထဲမှ ပြန်လာပါသည်။ မနက်စောစော ချမ်းအေးလှသော်လည်း သူ့ခမျာ ချွေးများရွှဲ၍ နေပါသည်။ “ဟ. . . တောဝက်ကြီးပါလားကွ ကျော်ထွားရ။ မင်း သေနတ်မပါ ဘာမပါနဲ့ ဘယ်လိုရလာတာလဲကွ" “တစ်နေ့က ခလရ (၃၇)က တပ်ကြပ်ကြီး ပစ်ထားတဲ့ တောဝက်ကြီး ဆရာ။ ကျွန်တော် သူ့သွားလမ်းမှာ ငြောင့်ကျင်းတူး ထောင်ထားလို့ ကျင်းထဲကျနေတာနဲ့ ဝါးချွန်နဲ့ထိုးပြီး ယူလာတာ ဆရာ" “နည်းတဲ့အကောင်ကြီးမဟုတ်လားကွ။ အချိန် (၅ဝ) လောက် ရှိမယ်ထင်တယ်" “အချိန် (၅ဝ)ကျော်မယ် ဆရာ။ ပင်ပန်းတာလည်း မပြောနဲ့ တော့။ အန္တရာယ်ကလည်း များသေး။ တော်တော် အသက်ပြင်းတဲ့ အကောင်ကြီး ဆရာ။ ကျင်းထဲကျလို့ ဝါးငုတ်စူးတွေ ထိုးမိနေတာတောင် မသေဘဲ ကျွန်တော့်ကို ပြန်ခံချနေသေးတယ်။  ဝါးချွန်နဲ့ထိုးပြီး ရွှေကျင်တဲ့ ကျွန်တော့်မိတ်ဆွေလင်မယား အကူအညီနဲ့ လျှော်ကြိုးတုပ်ပြီး မနည်းဆွဲတင်ရတယ်။ ဒီကောင်ကြီးက ကျွန်တော်တစ်ဦးတည်း မပိုင်တော့ဘူး ဆရာ။ မုဆိုးစည်းကမ်းအရ ခလရ (၃ဝ)က တပ်ကြပ်ကြီး တစ်ဝက်ဆိုင်တယ်။ မိတ်ဆွေလင်မယားကိုလည်း ဟင်းစားပေးရဦးမယ်" "ရပါတယ်ကွာ၊ မင်းတို့ မုဆိ...

အဖေ့သွေးချိုချို(ကျိုက်စကော ခင်စိုး)

“ကံပေးတဲ့အတိုင်းပေါ့ကွာ” *** ဇနီးသည်ကား သာမန် မိန်းမသားဘဝမှ ကလေးအမေဖြစ်လာ၊ အိမ်ထောင်ဝါရင့်လာသည်နှင့်အမျှ သင်္ချာပါမောက္ခ ဖြစ်လာခဲ့လေပြီ။ ကိန်းဂဏန်းများ ပေါင်းနုတ်ရာ၌ ဒက်ခနဲ ဒက်ခနဲ စက်သေနတ်ဆွဲသလို ဝက်ဝက်ကွဲမျှ မြန်ဆန် တိကျလှပါပေ၏။ “ဝတ်စုံနှစ်စုံက ရှစ်ထောင်၊ မိုးကာ နှစ်ထောင့်ငါးရာ၊ ဖိနပ် ထောင့်ငါးရာ၊ အားလုံး သောင်းနှစ်ထောင်။ ရှင့်အရည်အချင်းသိလို့ ဈေးဖိုးထဲက စုစုပြီး ဝယ်ထားပြီးပြီ။ အခုလိုနေတာက ကျောပိုးအိတ်၊ ရှင့်သားက ဈေးထဲမှာ လက်ညှိုးထိုးပြတယ်၊ ဒါမျိုးမှတဲ့။ အကောင်းစား သောင်းကျော်မယ်၊ ကျောပိုးအိတ်ရရင် ပြည့်စုံပြီ။ အဲဒါ ရှင့်တာဝန်။ သားအကြောင်း သိတယ်မဟုတ်လား၊ သူလိုချင်တာ ရကိုရမှ၊ သူများကလေးထက် သာမှဖြစ်မှာ” ဇနီးသည် သင်္ချာ ပါမောက္ခ စကားထွက်ကြောင့် ကျွန်တော် အဖျားတက်ချင်သလို ဖြစ်သွားပါပြီ။ ကျောင်းဖွင့်ရက်ကလည်း နီးပြီ။ သားသမီးတွေ ပညာရေး ကျွန်တော်တို့လို အောက်ခြေ လူတန်းစားများ ဖင်တရော်ညှပ် ပြေးလွှားရသည့် ကျောင်းဖွင့်ရာသီ ရောက်နေပြီ။ ကျွန်တော်တို့ ငယ်ဘဝမှာတော့ ဘေးလွယ်အိတ်ကိုယ်စီ၊ ခုခေတ်မှာတော့ ကျောပိုးအိတ်၊ ဆိုက်စုံ၊ ရောင်စုံ၊ ဈေးမျိုးစုံ။ မိန်းမက မြော်မြင်ကြီးမား ကြိုတင် စီမံထား၍ တော်သေး၏။ သို့...