Skip to main content

Posts

ဂေးရှားမယ် အက်ဒရီယာနာ နှင့် တွေ့ဆုံခြင်း

အဲဒီနေ့က မြို့ထဲသွားတဲ့ (၄၃)ဘတ်စ်ကားပေါ်မှာ ဖြစ်မယ်ထင်တယ် ။ သီတင်းကျွတ်ပွဲတော်ပြီးခါစ ရာသီဥတု ဆိုတော့ သိတဲ့အတိုင်း ခပ်ပူစပ်စပ်ရယ် ။ ကျွန်တော်ဘေးနားက ခုံမှာ ကောင်မလေးတစ်ယောက်လာ ဝင် ထိုင်တယ် ။ ကောင်မလေးက တကယ့် ပိန်ပိန်သေးသေးလေး ။ မျက်နှာမှာလည်း မိတ်ကပ်တွေကို ဖွေးနေအောင် လိမ်းထားသေးတယ် ။ လက်မောင်းညိုညိုလေးတွေကလည်း တကယ့် ငါးဖောင်ရိုးဆိုဒ်သေးသေးလေးတွေ ။ မိတ်ကပ်ဖို့ထားတဲ့ သူ့မျက်နှာကြီးတစ်ခုထဲ ဖွေးနေပြီး ကျန်တဲ့နေရာက အသားအရည်က ခပ်ညိုညို ဆိုတော့ သူ့ကြည့်ရတာ (၁၈)ရာစုက ဂျပန်ဂေးရှားမယ် တွေကို ကြည့်နေရသလိုပဲ ။ တီရှပ်အနီရောင်တောက်တောက်ကြီးနဲ့ ကနုတ်တွေပါတဲ့ ဂျင်းဘောင်းဘီကို ဝတ်ထားသေးတယ် ။ ဘာရယ်မဟုတ် ဒီလို ပူအိုက်လှတဲ့ နေ့လည်ခင်းတစ်ခုမှာ အင်္ကျီအနီရဲရဲ ၊ မိတ်ကပ်ထူလပြစ်နဲ့ ဒီငပိန်ညှောင်မလေးကို ကျွန်တော် ခြေစွန်းခေါင်းစွန်းလေ့လာနေမိတယ် ။ ဖိနပ်က အဝါရောင်ခုံမြင့်ဖိနပ်ဗျ ။ လိုးလိုးလက်လက် ဘော်ကြယ်တွေလည်း ဖိနပ်မှာ ထိုးထားသေးတယ် ။ စိတ်ဝင်စားဖို့ကောင်းတာက သူ့ဘယ်ဘက်ခြေထောက်က ခြေသူကြွယ်လေးတစ်ချောင်းက အထဲကို သိသိသာသာ တိုဝင်နေသေးသဗျ ။ မွေးရာပါ လား ဒါမှမဟုတ် ဒီကောင်မလေး ငယ်ငယ်က တော်တော်ကမြင်းကြောထတယ်ထ...

အဘိုးအိုနှစ်ဦး

ဘကြီးမွှေး ဆိုသည်မှာက သက်တမ်းရှည် အရောင်းသမားကြီး တဦးဖြစ်သည်။ တခါက ကျနော့်ဆိုင်တွင်ထိုင် "ဘယ့်နှယ့်တုန်း ငါ့တူ အရောင်းအဝယ် တွင်ကျယ်ရဲ့လား" ဟု မေး၏။ ကျနော်က ပက်လက်ကုလားထိုင်တွင် လျောင်းလျက် စာဖတ်နေသည်ဖြစ်၍ အာရုံပျက်သည် မဖြေချင်။ သို့သော် ဤအပြုအမူသည် မကောင်း။ ဖြေရသည်။ "ဒီလိုပါပဲ ဘကြီးရ" ဟု တိုတိုတုတ်တုတ်ဖြေသည်။ သူက ထပ်မေးသည် ဂျာနယ် တနေ့ ဘယ်နှစောင် ရောင်းရသလဲ၊ စာအုပ်ကရော တနေ့ ဘယ်နှအုပ်ရသလဲ။ သိပ်မရောင်းရပါ။ ဟု ကျနော်ကပြန်ဖြေရ။ ထိုကစ သူက သူ့ဇာတ်လမ်းကို စပါသည်။ ဒါမျိုးဆိုလျှင် ကျနော်ကလည်း စာဖတ်ရသည်ထက် ပိုဝါသနာပါလှ၍ နားထောင်ရန် နောက်မီကုလားထိုင်ကို နည်းနည်းဖြောင့်ကာ နားစွင့် စိတ်ဝင်စားဟန်ပြပါသည်။ ကျောက်ဆည်မှာ ငါ စျေးရောင်းတာ နှစ်ဆယ့်နဲ့ခြောက်နှစ် ရှိပြီ။ ငါ မရောက်ဖူးတဲ့ နေရာဆိုတာ ကျောက်ဆည်မှာ မရှိ။ ဒီနေ့ဆိုရင် အခု ဘယ်နှနာရီ ရှိပြီလဲ။ ၂ နာရီ။ ဒါ ငါ တဖြတ် နားတာ။ ရောင်းကြေး တစ်သောင်းနဲ့ ရှစ်ထောင်ရပြီ။ အမြတ်က ခြောက်ထောင် ခုနစ်ထောင် ပြေးမလွတ...

အမျိုးအမည်မသိ ခံစားမှုဝေဒနာ

သုံးဘီးဆိုက်တွဲကြီးမောင်းလာသည့် ပိစိကို ကျနော် ချက်ချင်းမမှတ်မိ။ ကျနော် သိကျွမ်းခင်မင် သူများထဲက တယောက်ယောက်နှင့် တူသည် ဟုတော့ စိတ်ကထင်မိသည်။ သုံးဘီးပေါ်က သံချောင်းတွေ ရေတံလျှောက်တွေ သွပ်ပြားတွေ ချနေသည့် ပိစိကို ကြည့်ရင်း ကြည့်ရင်းနှင့်မှ ဒါ ပိစိပဲဟု ငယ်ရုပ်ကို ပြေးမြင် မိသည်။ ``ဟေ့ရောင် ပိစိ၊ မင်း ပိစိ မဟုတ်လား`` ဟု ကျနော် မေးတော့ ပိစိသည် မထုံတတ်ထေး မျက်နှာဖြင့် ကျနော့်ကို ကြည့်သည် ထို့နောက် တဖြည်းဖြည်း ပြုံးလာ၏။ ``ဟာ ဦးရုပ်ဆိုး`` အေးဟုတ်တယ်။ လာကွာ ပိစိ လက်ဖက်ရည်သောက်``။ ပိစိက ကျနော့်ဝိုင်းကို ၀င်ထိုင်သည်။ ``ဦးရုပ်ဆိုးက ပျောက်လှချည်လား ဘယ်တွေ ရောက်နေတာလဲ``ဟု မေးသည်။ ``ငါက မပျောက်ပါဘူးကွာ ရှိပါတယ် မင်းသာ ဘယ်ရောက် သွားမှန်း မသိတာပါ`` ဟု ဆိုတော့ ရယ်စရာလည်း မပါပါဘဲ ပိစိက ပြုံးပြုံးကြီးလုပ်နေသည်။ ပိစိက ယခု သူ အိမ်ဆောက်ပစ္စည်းရောင်း၀ယ်ရေး ဆိုင်တွင် လုပ်နေကြောင်း အခုလည်း ၀ယ်သူကို ကားဂိတ်အထိ ပစ္စည်းများဆိုက်တွဲဖြင့် လုပ်ပို့ခြင်းဖြစ်ကြောင်း ပြောရင်း လက်ဖက်ရည်မှာသည်။ စီးကရက် တလိပ်ကို မီးထညှိသည်။ သြော် ပိစိတောင် ဆေးလိပ်သောက်တတ်နေပြီကိုး။ ဆေးလိပ်သောက်တဲ့ အရွယ်ရောက်နေပြီကိုး။ နှစ်တွေက...

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

ဘွဲ့ရနှင့် ငါးစိမ်းသည်

  ငါးကြော်လေးစားချင်လာသဖြင့် ဈေးထဲကို ငါးဝယ်ရန်ရောက်လာသည်။ ကျွန်တော် ဝယ်နေကျ ငါးဆိုင်ရှိသည်။ ငါးကြင်းတစ်မျိုးတည်းရောင်းပြီး ဖော်ရွေသည်။ ဝယ်သူအကြိုက် မညည်းမညူ လုပ်ပေးလေ့ရှိ သည်။ ငါးရောင်းသူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။ ငါးစိမ်းသည်ဆိုသည်မှာ စွာတာတာ၊ ကက်ကက်လန်၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော်ငါးဝယ်သည့်ဆိုင်မှ “မရွှေ” ကိုခေါ်ပြချင်ပါသည်။ “ဦးလေး မရောက်တာကြာပြီ … ဘာလဲ ဆိုင်ဟင်းကိုမုန်းလို့ ရောက်လာတာလား” “မဟုတ်ပါဘူး … ခရီးထွက်တာတွေ များနေလို့” “ငါးကြင်းဖြူ ဗိုက်သားလေးနဲ့တွဲထားတဲ့အပိုင်း ချိန်လိုက်မယ်နော်” “အစိတ်သားလောက်ပဲနော်” “၃၅ ကျပ်သားရှိတယ် ဦးလေးရယ် … ၃၀ သားဖိုးပဲပေး” “အေး … အေး ခုတ်လိုက်” ငါးဝယ်လျှင်အပိုဆောင်းအဖြစ် ကြော်နိုင်သည့် အတုံးလောက်ဖြစ်စေရန် ခုတ်ထစ်ပေးသည်။ အကြေးထိုးပေး သည်။ ရေဆေးပေးသည်။ အိမ်ရောက်လျှင်တန်းကြော်ရုံသာဖြစ်သည်။ ငါးဝယ်ပြီးနောက် ငါးဆိုင်ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်ထိုင်သည်။ ထိုဆိုင်တွင် ခေါက်ဆွဲသုပ်ကောင်း သည်။ အကြော်လည်းရသည်။ ခေါက်ဆွဲသုပ်မှာပြီး ရေနွေးကြမ်းသောက်နေစဉ် မရွှေဆိုင်ကို အမျိုးသမီးကြီး တစ်ယောက် ဝင်လာသည်။ သူ့နောက်တွင် ဆွဲခြင်းဆွဲသော က...

● ကော်ဖီဆိုင် _ငြိမ်းအေးအိမ်

မိုးမခ ၂၀၁၈ သြဂုတ်လထုတ် အက်ဆေးဖြစ်သည်။ (၁) ညစ်ညူးနေသည့်စိတ်အစဉ်ကို အကြောလျှော့ဖို့သော်လည်းကောင်း၊ နှစ်သက်စွာ မွေ့လျော် နေထိုင်ခြင်းတစ်ခုကို မွေးမြူဖို့ သော်လည်းကောင်း ကျွန်တော့်အတွက် နို့မပါ၊ သကြားမပါသော ကော်ဖီစစ်စစ် တစ်ခွက်လိုသည်။ ထိုကော်ဖီသည် မပူလွန်း မအေးလွန်းသော အခြေအနေတစ်ခု ဖြစ်နေဖို့လည်း လိုပြန်သည်။ တစ်ခွက်ဟူသော စကားလုံး နေရာတွင် တစ်နေ့တာလုံးအတွက် တစ်အိုးဟု ပြင်ဆင်ရလျှင်ပိုမှန်မည်။ ကျွန်တော် တစ်နေ့ကို ကော်ဖီတစ်အိုး သောက်ပါသည်။ ကော်ဖီက ပေးသော နှိုင်းတုမဲ့ ရနံ့ကို အချိန်တိုင်း ကျွန်တော်သတိရနေတတ်သည်။ ယခင်ကဆို ကျွန်တော့်ရုံးခန်းလေးထဲတွင် ကော်ဖီနှပ်အိုးတစ်အိုးဖြင့် နှပ်ထားသော ကော်ဖီကို ရုံးတက်ချိန်တစ်ချိန်လုံး သောက်သုံးနေလေ့ရှိသည်။ ကျွန်တော့်ရုံးခန်းကျဉ်းလေးထဲလာရောက် သော ဧည့်သည်တို့သည် ခင်ဗျားရုံးခန်းက ကော်ဖီဆိုင်လေးလိုပဲဟု ပြောစမှတ်ပြုကြသည်။ ဖုန်တစ်စမကျန်အောင်ရှင်းလင်းထားသော၊ မှန်သားစားပွဲသေးသေးတစ်လုံးပေါ်တွင်တော့ ပလပ်ထိုးထားပြီး အမြဲပူနွေးနေ သော ကော်ဖီနှပ် စက်ကလေးနှင့် ဖန်သားပန်အိုးလေး တစ်လုံးရှိ သည်။ ပန်းတစ်ပွင့်နှစ်ပွင့်၊ တစ်ခါတရံစံပယ်များ၊ ရာသီချိန် တွင် ပန်းပိတောက်မ...

ပုလင်းချစ်သူ

“ဒီ အရက်ဟာ မကောင်းပါဘူးကွာ” ဟု သူက ရေရွတ် လိုက်သည်။ ထိုအခါ ဆိုင်ရှင်က ကြားသွားပြီး ... “ဒီအရက်ဟာ ဆိုင်က ထုတ်ပေးတဲ့ အတိုင်းပါပဲဗျာ ၊ ကျွန်တော် ဘယ်တော့မှ အကြံအဖန် မလုပ်တတ်ဘူး ဆိုတာ အစ်ကိုကြီး သိပါတယ်၊ အမြဲ သောက်နေကြပဲ မဟုတ်လား” သူက ဟာ ... ဟာ ... ဆိုလုပ်၍ လက်ကာပြသည်။ “ခင်ဗျားဆိုင် အရက်ကို မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး၊ အရက်ဟာ ကျုပ်ကို ကောင်းကျိုး မပေးဘူးလို့ ပြောတာပါ” “ကောင်းကျိုး မပေးရင် မသောက်နဲ့ပေါ့ဗျာ” ဟူ၍တော့ ပိုင်ရှင်ကဖြင့် ပြောလို့ မဖြစ်ချေ။ အရက် ရောင်းနေသူ တစ်ယောက်က အရက် ဆန့်ကျင်ရေး စကားကို ပြောနေလျှင် “မိမိ ရောင်းကုန် ပစ္စည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော စကားမျိုး မပြောမိပါစေနှင့်” ဆိုသော ခေတ်သစ် ရောင်းဝယ်ရေး ဗျူဟာ သဘောတရားကို ဖောက်ဖျက်ရာ ကျမည် မဟုတ်လား။ ထို့ကြောင့် ဘာမှ ထပ်မပြောဘဲ ခပ်မဆိတ် နေလိုက်၏။ သောက်သုံးသူ ပုဂ္ဂိုလ်ကတော့ ဆက်၍ ... “ကျုပ် ဘာကြောင့် အရက်ကို စွဲစွဲမြဲမြဲ သောက်ဖြစ်နေတာလဲ သိလား” ဟု မေးသည်။ ဆိုင်ရှင်၏ စိတ်ထဲတွင် “သွားပြီ၊ ဒီညတော့ ငါ ခံရပြီ” ဟု တွေးရင်း စိတ်ညစ်သွား၏။ လုပ်သက် ရင့်နေသော ဆိုင်ရှင်တစ်ယောက် အနေဖြင့် အရက်သမား အမျိုးမျိုး အကြောင်းကို ကေ...