Skip to main content

Posts

တက်ဘုန်းကြီး ၁၄

အခဏ်း။ ၁၄ ။ ဦးသုဓဇသည် ပြည်မြို့သို့ ကုန်းကြောင်းဖြင့် ဆန်တက်ရာ လမ်းတွင်ရှိသော မြို့များ၌ တရားပွဲများ ကျင်းပလေသည်။ ဦးကျောက်လုံးကြီးကား တရားနာခံအဖြစ်ဖြင့် များစွာ ဝတ္တရားကျေပြွန်နေလေ၏။ သုံးဆယ်၊ သာယာဝတီ၊ မင်းလှ၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ ပေါင်းတည်မြို့တို့၌ တရားနာပရိသတ် အလွန်စည်ကားများမြောင်လှပေ၏။ ဦးသုဓဇသည် ဤသို့ တွေးမိ၏။ ဂါထာရွတ်ရာ၌ နာမည်ကျော်ကြားသော ဓမ္မကထိက၊ စကားပြေဟောပြောရာ၌ နာမည်ကျော်သောဓမ္မကထိက၊ သီချင်းနှင့်ရောစပ်၍ ဟောရာ၌ နာမည်ကျော်ကြားသောဓမ္မကထိက အစရှိသည်ဖြင့် သူ့ဘက်နှင့်သူ ဂုဏ်ပိုင်ပိုင်ကြီး စွမ်းကြသော ဓမ္မကထိကတွေ ပေါ်လှပြီ။ အမျိုးသားစိတ်ကြွအောင် ထည့်၍ဟောသော ကိုယ်တော်တွေကား သာယာဝတီ ဦးညေယျမှတပါး ရှားလှစွာ၏။ ငါသည် အမျိုးသားစိတ်ကြွစေမည့် တရားတွေကို ဟောလိုက်ချေက တမျိုးအကြိုက်တွေ့၍ ငါနာမည်ကြီးမည်။ လူကြည်ညိုများမည်။ အလှူအတန်း ဝပြောမည်။ သို့ကြောင့် ဦးသုဓဇသည် ကြို့ပင်ကောက်မြို့၌ ဝိဇယကုမ္မာဇာတ်ဝတ္ထုတရားကို ဟောကြားတော်မူရာ.... “အင်း ... မင်းပျိုမင်းလွင်ကလေးဟာ ညှင်းချင်တိုင်း ညှင်း၊ တေချင်တိုင်းတေပြီး တိုင်းနေပြည်သားတွေကို များများကြီး နှောက်ယှက်နေသတဲ့။ ပြီးတော့ သူ တပါးထဲ စော်ကားတာ...

တက်ဘုန်းကြီး ၁၃

အခဏ်း။ ၁၃ ။ မကြည်ရဲ့ ဦးသုဓဇမှ ဒင်ပြေ့ဓမ္မကထိက ဖြစ်လာခဲ့ပေ၏။ “ပွင့်လု ငုံအာ၊ ပဒုမ္မာ၊ သော်တာရောင်နှင့်တွေ့” ဆိုသကဲ့သို့ နာမည်ထွက်၍ တန်ခိုးကြီးမည့်ဆဲဆဲ၌ သတင်းစာများကလည်း “ဓမ္မကထိကအကျော် ဆရာတော် ဦးသုဓဇ” ဟူ၍ ဓါတ်ပုံနှင့်တကွ ဖေါ်ပြခြင်းဖြင့် သော်တာရောင် ပေးလိုက်လေရကား ဦးသုဓဇ၏သတင်း ကြာပဒုံသည် အာငုံ ဖူးပွင့် အထူးရင့်လာလေသတည်း။  ရန်ကုန်မြို့ ရွှေတိဂုံကုန်းတော်ကြီး၌လည်း အကြိမ်ကြိမ် အဘန်ဘန်၊ ကြည့်မြင်တိုင် ကိုးထပ်ကြီး၌လည်း သုံးလေးကြိမ်၊ ကမာရွတ် တပ်တွင်းကျောင်း၌လည်း တကြိမ် နှစ်ကြိမ်၊ ပုဇွန်တောင် ရေကျော်၌လည်း တခါတလေ၊ ရန်ကုန်တွင် နှံ့အောင် တရားဟောနေရပြီ ဖြစ်သဖြင့် ရန်ကုန်မြို့ ဓမ္မကထိကတို့တွင် ခေါင်းစဉ်က စာရင်းအတပ်ခံရလေပြီ။ ဓမ္မကထိက ပန်းတိုင်သို့ရောက်အောင် ၄အား လှုံ့ဆော်ပေးလိုက်သော ရည်ရွယ်ချက်တခုမှာ 'မြာ' ပိုး၍ တွင်တွင်ကြီး စွံရန်ဖြစ်ပေရာ ထိုရည်ရွယ်ချက်ဇက်ကြိုးဖြင့် မိမိကိုယ်တည်းဟူသော မြင်းကို တွင်တွင်သာ စိုင်းနေလေ၏။ ပုဇွန်တောင် ညောင်တန်းရပ်ကွက်ဆီမှ ရီးစားတယောက် ပေါ်ပေါက်ခဲ့လေ၏။ ကမာရွတ်က ဆရာမအပျိုကြီးတယောက်နှင့်လည်း ငြိတိတိ ဖြစ်နေလေ၏။  “အို .. ဆရာမကြီးရဲ့တပည့်များကို ဘူးသီးနုနု မခူးရဘူး၊ င...

တက်ဘုန်းကြီး ၁၂

အခဏ်း။ ၁၂ ။ ပေါင်ဒါလိမ်းတယ်၊ သီချင်းဆိုတယ်၊ မိန်းမပိုးတယ်။ စာမေးပွဲ အောင်စာရင်းများ ထွက်လာလေ၏။ “မှန်းချက်နှင့် နှမ်းထွက်မကွာ” သည့်အတိုင်း ထွန်းရှိန်မှာ သုံးဘာသာတွင် ဂုဏ်ထူးရ၍အောင်လေ၏။ တက္ကသိုလ်ဝင်ခွင့် ရသူများတွင်လည်း ထွန်းရှိန်ပါလေ၏။ ကံကား မလိုတမာ နိုင်လှချေ၏။ ထွန်းရှိန်နှင့်တန်းတူ မွဲသူတွေတွင် တက္ကသိုလ်ဝင်ခွင့်ရသူသာများ၏။ အောင်တင်တို့ ဖေဝင်းတို့လို ဥစ္စာပစ္စည်းတောင့်တင်းသူများကား ဝင်ခွင့်မရကြ။ “ရှင်းရှင်းလင်းလင်းရှိသွားအောင် မွဲတဲ့လူ တက္ကသိုလ်မလာရလို့ ဥပဒေထားပါတော့လား” ဟု စာမေးပွဲအောင်သူတွေက တွေးစမှတ်ထားကြ၏။  ထွန်းရှိန်က အစကတည်းက မနေနိုင်ဟု သိပြီးဖြစ်၍ မနေနိုင်သည် မှန်သောအခါလည်း သိပ်အံ့ဩဝမ်းနည်းခြင်း မရှိလှ။ ဂေဇက်ကို တခေါက်လောက် လျှောက်ဘတ်ပြီး နောက်ထပ်မကြည့်တော့၊ မိမိနာမည်၌ မှတ်လိုက်သော ခရေပွင့်ကား အကြောင်းမထူးတော့ပြီ။ မိမိအောင်မည်ကို ကြိုတင် သိနေနှင့်ရကား ရှေ့ရေးကိုလည်း အတော်တွေးပြီးဖြစ်၏။ မိမိမှာ မဟုတ်မခံချင်စိတ်က ရှိနေ၊ အမျိုးသားစိတ်ကလေးကရှိနေ၊ လွတ်လပ်ချင်စိတ်ကရှိနေသဖြင့် ရုံးပြင်ကန္နားသို့ မကပ်လို။ မနှစ်မြို့သော စာရေးအလုပ်အတွက် ချွေးတစက်မှ မထွက်စေလို။ ဘိနပ်တတိုမှ မပွန်းစေလို။...

တက်ဘုန်းကြီး ၁၁

အခဏ်း။ ၁၁ ။ မကြည်ရဲ့ ဦးသုဓဇကိုယ်တော်နှင့် အပျိုကြီး မစောညွန့် မစောညွန့်မှာ ယပ်လှဲတရားများကို ကိုယ်တိုင်တခါမျှ ရှေးက မနာဘူးချေ။ သာယာဝတီ ဦးညေယျယပ်လှဲ၊ သာဓုသုနြ္ဒီယပ်လှဲ၊ ပဉ္စသီခယပ်လှဲ၊ အနဂ္ဃသာရမဉ္စရီယပ်လှဲ စသည့် ထိုယပ်လှဲ ဤယပ်လှဲတို့ကို ဘတ်ရစဉ်ကပင် လွန်စွာပင် နှစ်ခြိုက်ရကား တခါတရံ ယပ်လှဲစာအုပ်များကို အကြိမ်ကြိမ် အပြန်ပြန် ဘတ်၏။ တခါတရံ သံနေသံထားနှင့် ဘတ်စမ်း၏။ ဘတ်ရသည်ပင် စည်းစိမ်တမျိုး တွေ့ခဲ့၏။ ယခုကား စာတွေ့မှာ လက်တွေ့ ဖြစ်ခဲ့၏။ ရှေးက ယပ်လှဲတရားများကို ဘတ်ရသောအခါ စကားယဉ်ကျေးခြင်း၊ လင်္ကာသွားချောခြင်း၊ အဓိပ္ပါယ်လွယ်ကူခြင်း၊ ဘတ်ကောင်းခြင်းတို့သည် မစောညွန့်၏စိတ်နှင့်တွေ့၏။ ယခုမူ ဤအရသာတွေအပြင် ဟောသူ၏အသံသာယာခြင်း၊ ရုပ် သပ္ပါယ်ခြင်း၊ သံနေသံထား ကောင်းခြင်း၊ မျက်မြင် ဥပမာတွေနှင့် နှိုင်းခြင်း၊ ဝမ်းသာရမည့်နေရာမှာ မျက်နှာရွှင်ခြင်း၊ ဟောသည့် ဇာတ်ကွက် နှင့်ဆီလျော်အောင် မျက်နှာထားတတ်ခြင်း၊ လူအများနှင့်စု၍ ညီတူ ညာတူအားကြိုးမာန်တက် တရားနာရခြင်း၊ သဘောကျလှသောအခါ ပျော်ပျော်ပါးပါး သာဓုခေါ်ရခြင်း၊ တရားပွဲသို့ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး သွားရခြင်း စသည်တို့ကား ... “ချိုရာ သကာလောင်း” သကဲ့သို့ပင် ကိုယ်စာအရ...

တက်ဘုန်းကြီး ၁၀

အခဏ်း။ ၁ဝ ။ တရားဟောပွဲတွင် “ လာပါ လာပါ မကြည်ရဲ့ သီချင်း ” ပြိုင်တူ ဆိုကြပုံ။ ဦးသုဓဇသည် ပီးယားဆုပ် ဆပ်ပြာနှင့် သုံးကြိမ် သုံးခါ ချေးတွန်း၍ ရေချိုးပြီးနောက် အကန့်များစွာပါသော လက်စွဲအိတ်ကို တိုင်မြှဖုတ်ယူလေသည်။ ရှေ့ဆုံးအကန့်မှ မှန်ကလေးတချပ်ကို ထုတ်ယူ၏။ မှန်ကို စားပွဲပေါ်တွင် မိမိရှေ့ကထားပြီး မျက်နှာကို ရေစင်လေ၏။ နောက်ဆုံး အကန့်မှ ပေါင်ဒါဘူးကို ဆွဲယူပြီး ချိုင်းကြားနှင့် တကိုယ်လုံးကို လိမ်းကျံလေ၏။ နောက်ဆုံးအကန့်မှပင် ဟေဇလင်စနိုး မျက်နှာခြယ်ကို ထုတ်ပြန်၏။ မျက်နှာကို ဖြူဖွေးညက်ညောသွားသည့်တိုင်အောင် လိမ်းလေ၏။ မှန်ထဲတွင် ဦးသုဓဇသည် ဖြူဖြူဖွေးဖွေး မျက်နှာချိုကလေးကို ကြည့်၍ပြုံး၏။ မိမိပါးကိုရွဲ့၍ မှန်ထဲကအရိပ်ကို ကြည့်၏။ ပြီးလျှင် မျက်စောင်းထိုးကာ မှန်ထဲက မျက်စောင်း ပြန်ထိုးပုံကို ကြည့်ပြန်လေ၏။ “လွမ်းစရာကလေး ဟောရင် ဒီလိုမျက်နှာထားရမယ် ...” ဟု ညှိုးငယ်သောမျက်နှာကို ဖန်တီးပြန်လေ၏။ ပြုံးကြည့်လိုက်၏။ မိမိပြုံးပုံကလေးသည် သူတကာပြုံးပုံနှင့် မတူ၊ အမူကွဲလှ၏ဟု အောက်မေ့၏။ စကားဝါပန်းကလေးလို အာသာငန်းငန်းတက်စေမည့် မျက်နှာဖြစ်သည်ဟု ထင်၏။ ပိုးသင်္ကန်းကို ဆင်မြန်း၏။ ဦးသုဓဇသည် ပိုးသင်္ကန်းကို ပဉ္စင်းတက်စက ရခဲ့၏။ ယ...

တက်ဘုန်းကြီး ၉

အခဏ်း။ ၉ ။ သိပ်ဂျဘိုးကျသော ဘုန်းကြီးများ။ ထွန်းရှိန်၏မိခင် မထွေးမယ်သည် ပြည်မြို့သို့ ဈေးဝယ်ရောက်ရှိလာလေ၏။ “ဒီတခါဖြင့် မမညွန့်ရဲ့ ထောက်ပံ့ပုံကို သေသေချာချာ သိခဲ့ရတော့မှာဘဲ” ဟု ရည်ရွယ်၍ ၄မိခင်ကို မမညွန့်တိုက်သို့ အလည်ဝင်စေလေ၏။ “အမေရေ .. မမညွန့်ကတော့ သိပ်ကျောင်းနေစေချင်တာဘဲ။ အရွယ်လဲ ငယ်တော့ နေဘို့ချည် ခဏခဏပြောတယ်” ဟု မိခင်ကြီးယူခဲ့သော နံသာပုငှက်ပျောလက်ဆောင်ခြင်းတောင်းကို မနိုင့်အနိုင်ဆွဲရင်း မေးလေ၏။ “ကွယ် ... ငါ့သားကလဲ၊ မင်းလဲသိသားနဲ့။ အမေတို့ ဘယ်လိုလုပ်ပြီး ပို့မလဲ။ ရန်ကုန်မှာထားတယ်ဆိုတာ သိပ်ပိုက်ဆံကုန်တာကွဲ့။ အမေတို့မှာ ဝင်ငွေ ရှေးကထက် ဆုတ်ဆုတ်နေတာဘဲ ..” ဟု ပြောပြီး “ပေးပေး ... ငါ့သား လေးရင် အမေဆွဲခဲ့မယ် ..” ဟု ဆွဲခြင်းတောင်းကို ပြန်တောင်းလေ၏။ “အို .. နေပေစေ။ ကျွန်တော် နိုင်တယ်။ ဘယ်လောက်ဝေးတာမှတ်လို့။ လန်ချားလဲ မငှါးပါစို့နဲ့လား အမေ ...” "ငါ့သားသဘောပေါ့ လူလေးရယ် .... အမေတို့ကလဲ ငါ့သား ပညာတတ်အောင် ထားချင်တာပေါ့” “သိပါတယ်၊ အကုန်သိတယ် အမေရဲ့။ သို့ပေမဲ့ ခုပုံကြည့်ရတာ မမညွန့်ရဲ့ အကူအညီဘဲ ရမလိုလို၊ ပြီးတော့ အမေနှင့် ကြည့်ပြောပါအုံးမယ်တဲ့ ...” “ဟေ သူက ထောက်ပံ့အုံးမတဲ့လား။ အင်မတန်တော့ ကပ်စ...

သံသရာဘေး

နေဝန်းသည် တဖြည်းဖြည်း မြင့်တက်လာသည်။ ရွှေရောင်ခြည် ဖျော့ဖျော့တို့သည် လမ်းပေါ်၌ ဖြာကျလျက်ရှိ၏။ မြစ်ပြင်မှ ဖြတ်သန်းလာသော လေမှာ နွေး၍ တသုန်သုန် တညင်းညင်း တိုက်ခတ်လျက် ရှိနေသည်။ အဝတ်အစား အရောင်အမျိုးစုံ ဝတ်ထားသည့် ကလေးများသည် လမ်းမတလျှောက်၌ တသီတတန်းကြီး မြင်တွေ့နေရသော ပစ္စည်းများကို ဝိုင်းအုံလိုက်ကြည့်လျက် ဆူညံပြေးလွှား ဆော့ကစားနေကြလေသည်။ လမ်းထိပ်ကစ၍ လမ်းတလျှောက်လုံး လမ်းဘေးတွင် စားပွဲခုံများ ခင်းကျင်းထားကြသည်။ စားပွဲပေါ်၌ ဖယောင်းတိုင်၊ ဆပ်ပြာထုပ်၊ ငါးသေတ္တာဘူး၊ ရေခွက်၊ ရေဖလား၊ ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ပုဇွန်ခြောက် စသော ပစ္စည်းမျိုးစုံ ပုံခင်း ဖြန့်တင်ထားကြသည်။ ဆွမ်းဆန်စိမ်း လောင်းပွဲကြီးကို မော်လမြိုင်ကျွန်းမြို့၌ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သည်။ မော်လမြိုင်ကျွန်းမြို့ကလေးမှာ မြို့ပိုင်ရုံးစိုက်လျက် အေးချမ်းသာယာသော မြို့ကလေးတစ်မြို့ဖြစ်သည်။ မြစ်တစ်ဘက်ကမ်းရှိ ဆန်စက်များဆီမှ ဖွဲနံ့တို့သည် လေအဝှေ့တွင် လွင့်ပါးမျောပါလာကြသည်။ ဆွမ်းဆန်စိမ်း ထွက်လောင်းကြမည့် အလှူ့ရှင်များ၏ အော်ကျယ်ဟစ်ကျယ် ပြောဆိုပြင်ဆင်နေကြသော အသံဗလံ၊ လမ်းထိပ်မှ ဗြောတီးသံ၊ ကလေးတွေ အော်ဟစ်နေသော အသံတို့သည် စုပြုံ၍ က...