Skip to main content

Posts

အမိမဲ့သား ရေနည်းငါး

လေတစ်ချက်အဝေ့မှာ ချောင်းစပ်က ကြူပင်၊ ကိုင်းပင်တွေက အပြိုင်အဆိုင်ယိမ်းယိုင်သွားလိုက်ကြတာ။ရေတမာပင်ပေါ်က အရွက်ခြောက်လေးတွေကလည်း ချောင်းရေပေါ်ကို အပြေးအလွှားခုန်ချလို့။ ကျွန်တော်ကလည်း မျက်ရည်ကခပ်လွယ်လွယ်၊ လေရူးကလည်း ကျီဆယ်ဆိုပြန်တော့ ငိုချင်ရက်လက်တို့ဖြစ်တာပေါ့။ "ဟူး....." ဝေ့ဝဲစပြုလာတဲ့ မျက်ရည်ဥတွေကို မျက်တောင်နဲ့ ပုတ်ခတ်ဖယ်ရှားလိုက်ပြီး လေပူတစ်ချက်ကို အားပါပါနဲ့မှုတ်ထုတ်ပစ်လိုက်တာ၊ အင်း... နည်းနည်းပေါ့သွားသလိုတော့ရှိသား။ဒါနဲ့ပဲ ခဲလုံးတစ်လုံးကိုကောက်ယူပြီး ရေထဲကိုလှမ်းပစ်လိုက်တယ်။ ကျွန်တော် ပစ်လိုက်တဲ့ ခဲလုံးကြောင့်ထင်ရဲ့၊ ချုံပုတ်ထဲမှာ ကျက်စားနေတဲ့ ဘဲတစ်အုပ်က ထွက်လာတယ်။ ကျွန်တော်လည်း အဲဒီဘဲအုပ်ကိုပဲ စိတ်လိုလက်ရ ထိုင်ကြည့်နေလိုက်တယ်။ ဘဲမကြီးတစ်ကောင် ရေထဲကို ငုပ်,ငုပ်သွားတာကြည့်ရင်း ကျွန်တော့်မှာ စောစောက ညစ်နေတဲ့စိတ်တွေ လွင့်ပျောက်ပြီး တခစ်ခစ်နဲ့ကို ရီ(ရယ်)မိသွားတယ်။ကြည့်လေ..ဘဲတွေရေငုပ်တာတဲ့၊ ဖင်က ရေပေါ်မှာ ထောင်,ပေါ်နေပြီး ခြေနှစ်ချောင်းကလည်း ယက်ကန်ယက်ကန်ကိုဖြစ်လို့။ရီ (ရယ်)နေတုန်းရှိသေးတယ်၊ ရေထဲငုပ်သွားတဲ့ ဘဲမကြီးက နှုတ်သီးမှာ ငါးသေးသေးလေးတစ်ကောင်ကို ကိုက်ပြီး ပြန်ပ...

ကျွန်တော်နှင့် သွားကြေးအိုး

အဲ့ဒီတုန်းက ရှစ်မိုင်က အဆောင်အခန်းလေးထဲမှာ ကျွန်တော်ရယ် ၊ ခိုင်​​ထွန်း(မခိုင်)ရယ် ၊ စိုးကျော်ရယ် ပဲရှိသေးတယ် ။ မနက်စောစော ဆို ပတ်စ်ပို့ပွဲစားမခိုင်က ပန်းဆိုးတန်းကို ထသွားတော့ အလုပ်မရှိ အကိုင်မရှိ ကျွန်တော်နဲ့ စိုးကျော်ပဲ ကျန်ခဲ့တာပေါ့ ။ မခိုင် က ကျွန်တော်တို့ ဝေလေလေနှစ်ကောင်ကို တော်တော်သံယောဇဉ်လည်းထား စေတနာလည်း ထားရှာပါတယ် ။ ကျွန်တော်တို့ ခေါင်းအုံးအောက်ကို နေ့လည်စာ စားဖို့ တစ်ယောက်တစ်ထောင်စီ ထည့်ပြီးမှ ထွက်သွားတာ ။ အဲ့ဒီ ကာလတုန်းက ကျွန်တော်တို့မှာ ရန်ကုန်ခေတ်ဆိုးကြီးထဲ မလောက္မငှ လခကလေးနဲ့ နေရတဲ့ လူငယ်ဘဝ ။  စိုးကျော်ကလည်း အင်္ဂလိပ်စာ နောက်ဆုံးနှစ်ကို ထပ်ကျလို့ မြစ်ကြီးနားက သူ့အမေကြီးက ဒဏ်ခတ်တဲ့အနေနဲ့ ငွေကို လျော့ပို့နေတဲ့အချိန် ။ အရင်ကတော့ ကျွန်တော်တို့ သုံးယောက်သား ဒီအခန်းလေးမှာ နေရတာအဆင်ပြေသားဗျ ။ စားဖို့သောက်ဖို့လည်းမပူရဘူး ။ စိုးကျော်အမေက တစ်လကို ငါးသောင်းလောက်ပို့တာ အဲ့ဒီတုန်းကဆိုတော့ တော်တော်သုံးယူရတာပေါ့ဗျာ ။ ကျွန်တော်ကျတော့ အလုပ်က လစာနည်းပေမယ့် သုံးယောက်စာ ထမင်းအတွက်မပူရပါဘူး ။ နို့ မင်းအလုပ်က သူငယ်ချင်းသုံးယောက်လုံးကို ထမင်းကျွေးထားတာလားလို့မေးရင် အဲ့ဒီလိုပဲ အက...

လနှစ်စင်းရဲ့ ညအလင်း

အုန်းလက်များ ကြားမှ မြင်နေရသော လပြည့်ည၏ ဝိုင်းဝိုင်းစက်စက် ငွေလမင်းကြီးကို ကျွန်မ ငေးမော နေမိသည်။ ခြံထောင့်ရှိ ခုံတန်းလျားလေး ပေါ်တွင် ကျွန်မ တစ်ယောက်တည်း။ ပတ်ဝန်းကျင် တစ်ခွင်လုံးတွင်လည်း တိတ်ဆိတ်မှုက လွှမ်းမိုးနေဆဲ။ လေတိုက်တိုင်း ယိမ်းထိုးလှုပ်ရှား သွားတတ်သော အုန်းလက်များ ကြားမှ လ၏ အလင်းရောင် မှုန်ဝါးဝါးက မလင်းတစ်လှည့် လင်းတစ်လှည့်။ “ဖေဖေ့ကို သတိရလိုက်တာ” မှိန်ဖျော့ဖျော့ ပါးလျလျ အလင်းရောင်ကို ငေးကြည့်နေရင်းမှ ကျွန်မ တိုးတိုးဖွဖွ ညဉ်းညူမိသည်။ ဒဏ်ရာဟောင်းများ၏ နာကျင်မှုက အသစ်တစ်ဖန် ပြန်ပေါ်လာသည်။  သည်လို လပြည့်ည ရောက်လေတိုင်း ကျွန်မတို့ သားအမိ၏ ရင်ထဲတွင် မမေ့နိုင်သော ခံစားမှုဖြင့် ကိုယ်စီကိုယ်ငှ ကြေကွဲနေရစမြဲ။ သို့သော် တစ်ယောက် ခံစားမှုကို တစ်ယောက် မမြင်အောင် သိုဝှက်ရင်း မနာကျင်လေသယောင် နေပြခဲ့ကြသည်။ ဖေဖေ ထားရစ်သည့် နေ့မှစ၍ တစ်ခြမ်းပဲ့ အသိုက်အမြုံထဲမှ ကျွန်မတို့လည်း မျိုသိပ်ခြင်း အတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက် ခဲ့ကြပြီ။ မိစုံဖစုံ သက်ရှိထင်ရှား ရှိပါလျက် မိခင် တစ်ဦးတည်း၏ ရင်ငွေ့ကိုသာ ခိုခွင့်ရသော ကံကြမ္မာ။ လစ်လပ်နေသော မဟာတံတိုင်း ဖခင်ကြီး၏ နေရာ တစ်ခုကြောင့် မေမေနှင့် ...

သူ့ကျွန်မခံပြီ (၁၅)ဇာတ်သိမ်း

ဒုဋ္ဌဝတီမြစ်လျှင် စီးသွင်ညိုရစ် ဝိုက်လည်အပ်သော ကြွက်နဖားတောင်ခြေမှာပင်ဖြစ်ပါ၏။ လမဲ့သဖြင့် ကြယ်ရောင်တို့သာ မှုန်မှုန်ဝါးဝါးရှိသည်။ ဗိုလ်သူရိန်သည် စောရှင်ဦး၏ကိုယ်ကလေးအား ဝါးရုံပင်ရိပ် မြေညီညီဝယ် အသာချလိုက်သည်။ ဘေးရှိလူများအား ဂရုမပြုမိ။ ရှက်ရန်လည်းမသိ။ စိုးရိမ်ရန်လည်း သတိမရ။ ချစ်သူ၏ ဖြူဖျော့သောမျက်နှာအား စူးစိုက်ကြည့်ရင်း အံကြိတ်လျက်မှ မျက်ရည်များ ပေါက်ပေါက်ကျမိသည်။ ခင်ဘုန်းနှင့်စောနော်မောင်က အနီးတွင်ဒူးထောက်ထိုင်လာသည်။ “ဘယ့်နှယ်လဲ သွေးသောက် မျှော်လင့်ချက်ရှိပ့ါမလား ” စောနော်မောင်က မေးသည်။ ဗိုလ်သူရိန်က မော့မကြည့်။ ခေါင်းကိုသာ ဖြည်းလေးစွာခါသည်။ “အောင်ပင်လယ်ရွာမှာ ဝင်ပြီး ဒဏ်ရာကို ဆေးတစ်ခါထည့်ခဲ့ပြီးပြီ ဒါပေမယ့် ခုတောင်သတိမရသေးဘူး” အံကြိတ်ရင်း ဗိုလ်သူရိန်က ဆိုသည်။ထိုအခိုက်တွင် ခပ်လှမ်းလှမ်းမှ လူသံသူသံများကြားရသည်။ မကြာမီပင်သွေးသောက်ကြီးမြတ်ကျော်ပေါ်လာသည်။ “ဗိုလ်မှူးတို့ တောင်ခြေမှာ မိုးနဲစော်ဘွားမင်းနဲ့ နတ်မောက်မြို့မှအထောက်တော်များ ရောက်နေတယ် ညောင်ရွှေစော်ဘွားကြီးလဲ လဲချားမိဖုရားနဲ့ မင်းသားကိုဆောင်၍ ကုလားဖြူတို့ကိုတိုက်ရန်ရှောင်ထွက်လာပါတယ်” ဗိုလ်သူရိန်က ဗိုလ်ကျော်ခေါင်နှင့် ဗိုလ်မင်းထင်တိ...

သူ့ကျွန်မခံပြီ (၁၄)

တန်ဆောင်မုန်းလပြည့်ကျော် ခုနှစ်ရက်နေ့တွင် အင်္ဂလိပ်တပ်သင်္ဘော သုံးဆယ့်ငါးစင်းအနက် နှစ်ဆယ့်ရှစ်စင်းသည် အမြောက်တင်တွဲသမ္ဗာန်ကြီးများနှင့် ဆန်တက်လာ၍ မန္တလေး ရတနာပုံရွှေမြို့တော်အနောက်မျက်နှာ ဂေါဝိန်တံတားဆိပ်ကမ်း၌ ဆိုက်ကပ်မိသည်။ထို့နောက် အင်္ဂလိပ်ဗိုလ်ချုပ်ကြီးက ကင်းဝန်မင်းကြီးထံ စာစေသည်။ စာ၏အဓိပ္ပါယ်မှာ “ကင်းဝန်မင်းကြီး ဂေါဝိန်သင်္ဘောဆိပ်သို့နံနက် ဆယ့်တစ်နာရီအချိန်လာပါ။ ဤအချိန် မြန်မာဘုရင်မင်းမြတ်ပါလျှင် သာ၍ကောင်းပါသည်။ မလာရောက်ခဲ့လျှင် အလိုရှိရာ ပြုရပါလိမ့်မည်။” ဟုပါရှိသည်။ ယင်းသည့်အခါ ကင်းဝန်မင်းကြီးသည် ကွမ်းရေကိုင် နောက်ပါလူအနည်းငယ်နှင့် ဆင်စီး၍ ဂေါဝိန်ဆိပ်ရှိရာသို့ အပြေးအလွှား ထွက်ခဲ့သည်။ သို့ရာတွင် မြစ်ဆိပ်မရောက် အင်္ဂလိပ်စစ်သည်တို့ ဂေါဝိန်ဆိပ်ကမ်းမှ ကုန်းကြောင်းချီတက်၍ လာနေသည်ကို မြတောင် ကျောင်းတိုက်အနောက်ဘက်လမ်းခရီူးတွင်တွေ့ရှိသည်နှင့် မရပ်မနားပဲ ပြန်လာခဲ့ရသည်။ အင်္ဂလိပ်စစ်သည်တို့ နေ့နာရီပြန်တစ်ချက်တွင် လွှတ်တော်သို့ ဆိုက်ရောက်လာကြသည်။ ထို့နောက် နန်းတော်သစ်တပ်တွင်းရှိ လက်နက်တိုက်မှ အမြောက်စိန်ပြောင်း၊ သေနတ်၊ ဓား၊ လှံ၊ ခဲယမ်းကျည်ဆန်စသည်များအား သိမ်းယူ၍ ဗဟိုရ်စင်အနီးသို့ စုပုံစီတန်းထ...

သူ့ကျွန်မခံပြီ (၁၃)

ရတနာပုံရွှေမြို့တော်၏ အိပ်မက်ဆိုးမှာလည်း စခဲ့သည်။ သီတင်းကျွတ်လကွယ်၁၄ ရက်နေ့၌ အင်္ဂလိပ်ရာဇသံအား ငြင်းဆန်ကာနှစ်ပြည်ထောင်၏ မပြေလည်သော ပြဿနာအရပ်ရပ်အား ကြားနေမဟာမိတ်နိုင်ငံတစ်ခုခု၏ ခုံပြု အဆုံးအဖြတ်ကို နာခံမည်ဟု ပြန်ကြားလိုက်သည်။ မကျေနပ်သော အင်္ဂလိပ်တို့က စစ်ကြေညာကာ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် နယ်စပ်ကျောက်တိုင်ကိုကျော်ကာ ဟမ်ရှိုင်းယားနှင့် လီဗာပူးတပ်သားများ၊ ဝေလပြည်နှင့်စကော့တလန်ပြည်သားတပ်သားများ၊ ဘင်္ဂလားခြေလျင်တပ် အမှတ်၂နှင့် အမှတ် ၁၁ တပ်သားများ၊ မဒရပ်ခြေလျင်တပ် ၁၁-၂၁-၂၅တပ်သားများ စသည်ဖြင့် အမြောက်နှစ်တပ်အပါအဝင် စစ်သည်အင်အားတစ်သောင်းကျော်အား ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်စ်(Major  General Prenderagast V.C) အုပ်ချုပ်၍ ရေကြောင်းချီတက်လာသည်။ ပထမနေ့တွင်လည်း အီတာလျံဗိုလ်မှူး ကွမ်မိုတို၏ သင်္ဘောအားအင်္ဂလိပ်တို့ လက်ရဖမ်းမိသည်။ မင်းလှရောက်သော် အင်္ဂလိပ်စစ်ကူတစ်သောင်းငါးထောင် နောက်ထပ် ဆိုက်ရောက်လာသည်။ မင်းလှခံတပ်မြို့နှင့် ဂွေးချောင်းကံမြို့တွင် တစ်ချီ အပြင်းအထန် ရင်ဆိုင် တိုက်ရပြီးနောက် မြန်မာစစ်သည်တို့ မရှုမလှဆုတ်ရသည်။ ကွမ်မိုတိုနှင့်သူ့ရဲဘော် မိုလီနာရီ(Molinari) တို့မှာလည်း ...