ရီးစားတွေ အင်္ဂါဝက်လောက် ထားလိုက်အုံးမယ် ဦးသုဓဇမှာ ဓမ္မကထိကမဖြစ်သေးမီ ဓမ္မကထိကစာမေးပွဲဝင်စကပင် မသီလစာရီ၏မေတ္တာပန်းပွင့်ကို နမ်းခွင့်ရပြီးဖြစ်ရကား “ငါဟာ ခုက ဒီလောက်စွန်ရင် နောင် လူလားမြောက်လို့ ဓမ္မကထိကဘဝရောက်ရင်ဖြင့် လွန်စွာ အလွန်တရာ နိပ်မှာပါကလား။ ရီးစားတွေ အင်္ဂါဝက်လောက် ထားလိုက်ဦးမယ်” ဟု ကြုံးဝါးမိလေ၏။ မွန်မြတ်လှစွာသောရည်ရွယ်ချက်ကို မျက်မှောက်ပြုပြီး ကြီးမားသောလုံ့လကိုထုတ်၍ စာပေများ၊ ယပ်လှဲတရားများကို လေ့လာလေရာ ခုအခါ တရားဂါထာ အပုဒ်အစိတ်မျှ နှုတ်ငုံဆောင်နိုင်၍ အနက်ကို သာယာကြည်လင် နှစ်လိုဘွယ်ရာ သီဆိုနိုင်သည့်အပြင် ဝတ္ထုနိဒါန်း ငါးပုဒ်မျှကိုလည်း ကောင်းစွာ ဟောနိုင်လေပြီဖြစ်၏။ တရားဦးကို ရန်ကုန်မြို့၌ ဟောလိုသော်လည်း ၄မြို့တွင် ရွှေဒေါင်းညို ဘယ်သူဘယ်ဝါ၊ ရွှေဇီးကွက် ဘယ်သူဘယ်ဝါ၊ ရွှေဒီးဒုတ် ဘယ်သူဘယ်ဝါ၊ ရွှေဘို ဘယ်သူဘယ်ဝါ၊ ရတနာပုံ ဘယ်သူဘယ်ဝါ၊ နေညိုညို ဘယ်သူဘယ်ဝါတွေ ပေါများလှသောကြောင့် ပဉ္စင်းအသစ်မျှသာဖြစ်ရှာသော ဦးသုဓဇမှာ တရားမတိုးနိုင်ဘဲ ရှိရှာလေ၏။ မသီလစာရီက “သုသုဘုရား ... သုသု တရားဦးဟောတော့ ရီရီ အရင်ဆုံးသိပါရစေနော် .... ရီရီ အရင်ဆုံးလဲ နာပါရစေနော် ... ” ဟု တောင်းပန်ထားသဖြင့် တရားဟောရန် ...
https://t.me/TheBookR